Home
သတင်းဓာတ်ပုံ
စစ်တွေမြို့ ကုလားတန်မြစ်ကမ်းဘေးတွင်  လူငယ်များစုပေါင်းအမှိုက်ကောက် (ဓာတ်ပုံ) 
DVB
·
July 30, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်မြစ်ကမ်းဘေးရှိ အမှိုက်တွေကို ဒေသခံ လူငယ်တွေက  ကောက်ယူသန့်ရှင်းရေးလုပ်နေကြပါတယ်။ အဲဒီလူငယ်တွေဟာ အင်္ဂါ၊ ကြာသပတေး၊  တနင်္ဂနွေ စတဲ့ရက်တွေမှာ ညနေ ၅ နာရီနောက်ပိုင်း အမှိုက်ကောက်ကြတာဖြစ်ပြီး အမှိုက်တွေများလွန်းအားကြီးလို့ အကုန်လုံးကို မကောက်ယူနိုင်တာကြောင့် ပလတ်စတိတ်ပစ္စည်းတွေကို အဓိကထားကောက်ယူကြတယ်လို့ သိရပါတယ်။ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အမှိုက်ကောက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ဖို့လိုအပ်နေတယ်လို့ အမှိုက်ကောက်အဖွဲ့ဝင် ကိုအောင်ဝင်းဆွေက ပြောပါတယ်။ "ခုပါဝင်လုပ်နေကြတဲ့လူငယ်တွေကတော့ နည်းတာပေါ့။ ဒါပေမဲ့ အမှိုက်ကို စနစ်တကျပစ်ရမယ်ဆိုတဲ့ အသိကို သူတို့ရသွားရင် အမြတ်ပဲ။ လူငယ်တွေ စိတ်ပါဝင်စားသူတွေ အများကြီး ပူးပေါင်းပါဝင်လာရင်တော့ ပိုပြီးလုပ်နိုင်မှာပါ။'' လို့ ပြောပါတယ်။ အမှိုက်လာကောက်တဲ့ လူငယ်အမျိုးသမီးတစ်ဦးတစ်ဦးကလည်း "စစ်တွေမှာက တနင်္ဂနွေဆိုရင်  ကမ်းနားလမ်းတစ်လျှောက်နဲ့ ပွိုင့်ကမ်းခြေမှာ လူကြီးလူငယ်အကုန်လုံး လူထောင်ချီရောက်ပါတယ်။ ဒါပေမဲ့ အမှိုက်ကောက်ဖို့ စိတ်ဝင်စားသူတွေကတော့ တအားနည်းပါတယ်။ လူငယ်တွေက ပိုပြီးစိတ်ဝင်စား ပူးပေါင်းလာစေချင်ပါတယ်။''လို့ ဆိုပါတယ်။ အဲဒီလူငယ်တွေဟာ ကောက်ယူထားတဲ့ ပလတ်စတစ်ပစ္စည်းတွေကို အိတ်တွေမှာ ထည့်ထားကြပြီးနောက် စည်ပင်သာယာရေးအဖွဲ့က အမှိုက်ကားတွေနဲ့ လာရောက်သိမ်းဆည်းပေးတယ်လို့ သိရပါတယ်။ Photo - Kaung Mrat Naing / MPA

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024