A d v e r t i s e m e n t With Us

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၆ သန်းရှိလာ

ကိုဗစ်-၁၉ ကူးစက်ရောဂါကိုကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက ကြေညာ ပြီး ခြောက်လအကြာ  အခုဆိုကမ္ဘာတဝန်းအတည်ပြုလူနာဦးရေ ၁၆ သန်းနီးပါးရှိလာခဲ့ပြီလို့ WHO ရဲ့အကြီးအကဲက  ပြောပါတယ်။  WHOက ကိုဗစ်-၁၉ ကပ်ရောဂါကို နိုင်ငံတကာအရေးပေါ် ကျန်းမာရေးကိစ္စအဖြစ် ကြေညာခဲ့တာ ဇူလိုင်လ ၂၃ ရက်မှာ ခြောက်လ ပြည့်ခဲ့ပါပြီ။  ကပ်ဘေးကြောင့် သေဆုံးသူကလည်း  ခြောက်သိန်းခွဲကျော် ဖြစ်လာပါတယ်။  ဒါပေမဲ့ကပ်ဘေးဟာ ဆက်ဖြစ် နေဦးမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်လ သီတင်းပတ် ခြောက်ပတ်တာ ကာလအတွင်း  ကမ္ဘာတဝန်းအတည်ပြုလူနာ ဦးရေဟာ နှစ်ဆနီးပါး ဖြစ်လာတယ်လို့ WHO အကြီးအကဲ တတ်ဒရို့စ်က ပြောပါတယ်။  ဂျပန်အစိုးရကတတာ့ အရေးပေါ်အခြေအနေ ကြေညာဖို့ မရှိသေးဘူးလို့ ပြောပေမဲ့ ဇူလိုင် ၂၉ တရက်တည်းမှာ ကူးစက်ခံ အတည်ပြုလူနာ ၁၂၆၄ ယောက်အထိ စံချိန်တင် တိုးလာခဲ့တယ်လို့ NHK သတင်းဌာနက ကြေညာပါတယ်။  လတ်တလော ကူးစက်မှုတိုးနေတာကို ကိုင်တွယ်ဖြေရှင်းဖို့ သြဂုတ်လမှာ စားသောက် ဆိုင်တွေနဲ့ကာရာအိုကေခန်းမတွေဖွင့်ချိန်ကို ပိုလျှော့ချဖို့ တိုက်တွန်းရေး ဂျပန်အစိုးရက ပြင်ဆင်နေတယ်လို့ နစ်ခေးဘိဇိနက်နေ့စဉ်ထုတ်သတင်းစာက ဇူလိုင်လ ၃၀ရက်မှာ ရေးပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up