A d v e r t i s e m e n t With Us

ဘိုင်ယန်ကွင်းလယ်ကစားသမား အယ်ကန်တာရာ ပေါင် ၂၇ သန်း ဈေးပေါက်

ဘိုင်ယန်မြူးနစ်အသင်းဟာ ကွင်းလယ်ကစားသမား အယ်ကန်တာရာအတွက် ပေါင် ၂၇သန်း ဈေးနူန်း သတ်မှတ်လိုက်ပါတယ်။  စပိန်ကွင်းလယ်လူ အယ်ကန်တာရာကို လစ်ဗာပူးအသင်းက ခေါ်ယူလိုနေပြီး လက်ရှိအချိန်ထိတော့ တရားဝင်ကမ်းလှမ်းမှု မရှိသေးဘူးလို့ဆိုပါတယ်။  အသက်၂၉ နှစ်ရှိ ဘာစီလိုနာကစာသးမားဟောင်းဟာ ဘိုင်ယန်နဲ့ တစ်နှစ်သက်တမ်းသာ ကျန်ရှိတော့ပြီး အသင်းက ရောင်းချဖို့ ဆုံးဖြတ်ထားတာပါ။  လစ်ဗာပူးအသင်းဘက်ကတော့ အယ်ကန်တာရာအတွက် ပေါင် ၁၈ သန်းနဲ့ ကမ်းလှမ်းဖို့ရှိ နေတယ်လို့ သတင်းထွက်နေပါတယ်။  လစ်ဗာပူးအသင်းဟာ ကွင်းလယ်ကစားသမားလယ်လာနာကို ထွက်ခွာခွင့်ပြုခဲ့တာကြောင့် အယ်ကန်တာရာကို ခေါ်ယူအားဖြည့်ဖို့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ စတင်ကမ်းလှမ်း မယ်လို့ သိရပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up