လာဇီယိုအသင်း ဒေးဗစ်ဆေးလ်ဗားကို ခေါ်ယူရန် ကြိုးပမ်း

အီတလီကလပ် လာဇီယိုအသင်းဟာ မန်စီးတီးကနေ ထွက်ခွာမယ့် ဒေးဗစ်ဆေးဗားလ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။  လာဇီယိုအသင်းဟာ လာမယ့်ရာသီမှာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို ၁၂နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်လို့ ကစားသမားအင်အားတောင့်တင်းဖို့ ကြိုးပမ်းနေ တာပါ။  အသက် ၃၄ နှစ်ရှိ စပိန်ကွင်းလယ်လူ ဒေးဗစ်ဆေးဗားလ်ဟာ မန်စီးတီးမှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီး အခုနှစ်ရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။  အသင်းကနေ ထွက်ခွာမယ်လို့လည်း အတည်ပြုထားပြီး လာဇီယိုနဲ့ သဘောတူညီမှုရဖို့ နီး စပ်နေပြီလို့ AS သတင်းစာက ဖော်ပြပါတယ်။ ဆေးဗားလ်ကို ယူအေအီးကလပ်တွေဖြစ်တဲ့ အယ်လ်အာလီနဲ့ အယ်နာဆာအသင်းတွေက လည်း စိတ်ဝင်စားနေပါတယ်။ ဆေးဗားလ်ဟာ မန်စီးတီးအသင်းမှာ   ၁၀ နှစ်တာ ကစားခဲ့တဲ့ ကာလအတွင်း ၄၃၄ ပွဲကစားခဲ့ပြီး ၇၇ ဂိုး သွင်းယူခဲ့ကာ ဂိုးဖန်တီးမှုအကြိမ် ၁၄၀ ပြုလုပ်နိုင်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up