A d v e r t i s e m e n t With Us

လူ ၁၅ ဦးထက် ပိုမိုစုဝေးခွင့်မပြုကြောင်း ထုတ်ပြန်

ကိုဗစ်-၁၉ ရောဂါကြိုတင်တားဆီးကာကွယ်ရေးနဲ့ စပ်လျဉ်းပြီး လူ ၁၅ ယောက်ထက် ပိုမိုစုဝေးခွင့်မပြုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီအမိန့်ကိုတော့ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး ထုတ်ပြန်လိုက်တာဖြစ်ပြီး ဩဂုတ် ၁ ရက်နေ့ကစတင် အသက်ဝင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကတည်းက  လူ ၅ ယောက်ထက် ပိုမိုစုဝေးခွင့်မပြုကြောင်း ထုတ်ပြန်ထားတဲ့အမိန့်ကို ဖြေလျှော့ပြီး  လူ ၁၅ ထက်ပိုမို စုဝေးခွင့်မပြုကြောင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်ရင်တော့ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ အရ အရေးယူခံရမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က စတင် တွေ့ရှိခဲ့တာဖြစ်ပြီး ဇူလိုင် ၃၀  မနက်အထိ အတည်ပြုလူနာ ၃၅၃ ဦး  သေဆုံးသူ ၆ ဦးရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up