Home
မြန်မာသတင်း
ထိုင်းနှင့် မလေးရှားပြန် ကိုဗစ်-၁၉ လူနာသစ် ၂ ဦးထပ်တွေ့ 
DVB
·
July 30, 2020
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကပြန်လာတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ်၂ ဦးထပ်တွေ့ရပြီး မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ လူနာစုစုပေါင်း  ၃၅၃ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါလူနာသစ် နှစ်ဦးကတော့ ထိုင်းနိုင်ငံကပြန်လာတဲ့  ရန်ကုန်တိုင်း ဒလမြို့နယ်နေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနဲ့ မလေးရှားနိုင်ငံကပြန်လာတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ  တွံတေးမြို့နယ်နဲ့ ၊ ကော့သောင်းမြို့နယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြပ်ခံထားရသူတွေဖြစ်ပြီး ဝေဘာဂီနဲ့ ကော့သောင်းခရိုင်ဆေးရုံတွေမှာ တက်ရောက် ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။ ဇူလိုင် ၂၉ ရက်က အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၉၃၇ ခု။ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၁၂၀ ခု၊ စုစုပေါင်း ၁,၀၅၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာမှ လူနာသစ် ၂ ဦးထပ်တွေ့ရတာပါ။ မြန်မာနိုင်ငံမှာ ဇူလိုင် ၃၀ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာပါင်း ၃၅၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၉၄ ဦးနဲ့ ဒီအထဲက ၂၇၉ ဦးပို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024