Homeမြန်မာသတင်း
No Vote ကိစ္စပြည်သူအချင်းချင်း ဝေဖန်ပြောဆိုနေကြပြီး အချိန်မီတားဆီးရန် ဦးကိုကိုကြီး တိုက်တွန်း
No Vote ကိစ္စပြည်သူအချင်းချင်း ဝေဖန်ပြောဆိုနေကြပြီး အချိန်မီတားဆီးရန် ဦးကိုကိုကြီး တိုက်တွန်း
စိုးမိုးအောင်
·
July 29, 2020
မဲမပေးချင်ဘူးဆိုတဲ့အမြင်တွေအပေါ် ပြည်သူအချင်းချင်း ဝေဖန်မှုပြောဆိုမှုတွေဟာ နောင်တချိန်မှာ စစ်ဘက်ရဲ့အာဏာသက်ရောက်မှု တကျော့ပြန်လာနိုင်တာကြောင့် ခေါင်းဆောင်တွေအနေနဲ့ အချိန်မီတားဖို့လိုတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အရပ်ဘက်ပြည်သူအချင်းချင်းကြားမှာ မဲပေးမယ့်သူနဲ့ မဲမပေးဘဲနေမယ်ဆိုတဲ့သူတွေ အကြားမှာ တစ်ဦးနဲ့တစ်ဦး ပုတ်ခတ်ပြောဆိုမှုတွေနဲ့ ပဋိပက္ခတွေဖြစ်ပွားနေတာတွေ ရှိပါတယ်။
ပြည်တွင်းစစ်ဖြစ်ပွားနေပြီး လူမျိုးစုများတဲ့ မြန်မာနိုင်ငံအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တစ်ဦးနဲ့တစ်ဦး ဝေဖန်မှုတွေအပေါ် တံဆိပ်ကပ်တာတွေဟာ ဒီမိုကရေစီကို အောက်ခြေကနေ တူးဖျက်နေတာဖြစ်တဲ့အတွက် ခေါင်းဆောင်တွေအနေနဲ့ အချိန်မီတားဆီးသင့်တယ်လို့ ဦးကိုကိုကြီးက ဆိုပါတယ်။
အရပ်ဘက်ပြည်သူအချင်းချင်း ပဋိပက္ခဖြစ်နေတာဟာ စစ်တပ်ရဲ့အရေးပါမှု တကျော့ပြန်ဖြစ်ပွားလာနိုင်တဲ့အတွက် စစ်ဘက်ကိုတားဆီးဖို့ဟာ အရပ်ဘက်အဖွဲ့အစည်းတွေ စုစည်းနိုင်ဖို့ လိုတယ်လို့လည်း သူကပြောပါတယ်။
No Vote ဆိုတဲ့ ပြောဆိုမှုတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲစဉ်က ဖြစ်ပွားခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းမဖြစ်ပေါ်ခဲ့ဘူးလို့ ဆိုပါတယ်။
၂၀၂၀ရွေးကောက်ပွဲမှာ NO Voteဆိုပီး ပြောဆိုမှုတွေဖြစ်လာသလို ပြောဆိုတဲ့လူတွေထဲမှာ ၂၀၁၅ မှာ ဒီမိုကရေစီစနစ်ပေါ်ထွန်းဖို့ တက်တက်ကြွကြွမဲပေးခဲ့သူတွေပါနေတဲ့အပြင် မဲပေး နိုင်အောင်လှုံ့ ဆော်သူတွေလည်း ပါနေတယ်လို့တယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။ ပြည်သူတချို့ မဲမပေးဘဲနေမယ်ဆိုတဲ့အပေါ် မဲမပေးချင်အောင်ဖြစ်တဲ့အကြောင်းတရားကို ရှာဖို့လိုသလို မဲမပေးဘူးဆိုတဲ့လူတွေဟာ ရွေးကောက်ပွဲနိုင်ငံရေးကို အယုံအကြည်နည်းသွားတာကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြည်သူတချို့အနေနဲ့ မဲမပေးချင်တော့ဘူးဆိုတဲ့ ပြဿနာဟာ နိုင်ငံရေးခေါင်းတောင်တွေမှာ တာဝန်ရှိတယ်လို့ ဦးကိုကိုကြီးက သုံးသပ်လိုက်ပါတယ်။