A d v e r t i s e m e n t With Us

ဟောင်ကောင်တက္ကသိုလ် ဥပဒေတွဲဖက်ပါမောက္ခကို ရာထူးမှ ထုတ်ပယ်

ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ဥပဒေတွဲဖက်ပါမောက္ခ ဘင်နီတိုင်ကို ဟောင်ကောင်တက္ကသိုလ်က ဇူလိုင် ၂၈ ရက်မှာ ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။   ဒီလုပ်ရပ်အပေါ် ဘင်နီတိုင်က “ဟောင်ကောင်မှာ ပညာရေးလွတ်လပ်ခွင့် အဆုံးသတ်သွားပြီ” လို့ ပြောဆိုခဲ့ပါတယ်။ တိုင်ဟာ ၂၀၁၄ ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါတယ်။  မနှစ်တုန်းက သူဟာ အများပြည်သူနှောင့်ယှက်မှု ပြစ်မှုနှစ်ခုနဲ့ ထောင်ဒဏ် ၁၆ လ ချမှတ်ခံရပေမဲ့ အာမခံနဲ့ ပြန်လွတ်လာခဲ့ပါတယ်။ ဒီပြစ်ဒဏ်နဲ့ပတ်သက်လို့ ဟောင်ကောင်တက္ကသိုလ်က သူရဲ့ ရာထူးကို ပြန်သုံးသပ်ခဲ့ပါတယ်။ တွဲဖက်ပါမောက္ခ တိုင်ကို ရာထူးက ထုတ်ပယ်ဖို့ရာ လုံလောက်တဲ့ အကြောင်းပြချက် မတွေ့ဘူးဆိုတဲ့ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ အစောပိုင်းဆုံးဖြတ်ချက်ကို ဇူလိုင် ၂၈ ရက်မှာ တက္ကသိုလ်ကောင်စီ ဆုံးဖြတ်ချက်က ပြောင်းပြန် ပြောင်းလိုက်တာပါ။ “ကောင်စီအနေနဲ့ တက္ကသိုလ်အမှုထမ်းပြဿနာကို အချိန်ယူပြီး စည်းကမ်းကြပ်မတ်စွာ ဘက်မလိုက်ဘဲ ဆုံးဖြတ်ခဲ့တယ်”လို့ တိုင်ရဲ့နာမည်ကို ထုတ်ဖော်ခြင်းမပြုဘဲ ဟောင်ကောင် တက္ကသိုလ်က ထုတ်ပြန်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဟောင်ကောင်တက္ကသိုလ် ကျောင်းသားဟောင်းရေးရာအဖွဲ့ဝင် တဦးကလည်း “တက္ကသိုလ်ဆရာတွေအနေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ကျောင်းဆရာ အလုပ်ကြားမှာ ရွေးချယ်ရတော့မှာ ဖြစ်တာကြောင့် ဒီကိစ္စဟာ အင်မတန်အန္တရာယ်ကြီးပြီး ထိတ်လန့်စရာ သိပ်ကောင်းတယ်” လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up