ဂျပန်အာဏာရပါတီ TikTok တားမြစ်ရန် ပြင်ဆင်နေ
ဂျပန်အာဏာရပါတီဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဥပဒေရေးရာပါလီမန်အဖွဲ့ချုပ်က ဂျပန်နိုင်ငံမှာ TikTok အပါအဝင် တရုတ်ကုမ္ပဏီတွေက တီထွင်ထားတဲ့ ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းတွေ အသုံးပြုတာကိုကန့်သတ်ဖို့ အကြံပြုတဲ့ မူဝါဒ ချမှတ်ခဲ့ပါတယ်။
ပါတီရဲ့ ဥပဒေရေးရာပါလီမန်အဖွဲ့ချုပ် ဥက္ကဋ္ဌ အမရီအခီရက “နိုင်ငံရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ တရုတ်နိုင်ငံဘက်ကို ယိုစိမ့်မှု ပေါက်ကြားနိုင်မှုကို ကာကွယ်ဖို့နဲ့ လုံခြုံမှု ရှိရေးအတွက် ကျွမ်းကျင်သူပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်နေပြီး အသုံးပြုမှုကို ကန့်သတ်တဲ့ ဥဒေတွေကို ရေးဆွဲပြဋ္ဌာန်းဖို့ အစိုးရကို အမြန်ဆုံးတောင်းဆိုသွားမယ်” လို့ ပြောပါတယ်
ဂျပန်နိုင်ငံမှာ TikTok ဗွီဒီယိုအက်ပလီကေးရှင်းကိုအခုနှစ် ကိုဗစ်ကာလအတွင်းမှာ လူငယ်တွေသာမက အနုပညာရှင်တွေကြားမှာပါ စိတ်ဝင်းစား အသုံးများလာတာ ဖြစ်ပါတယ်။
TikTok ဗွီဒီယိုအက်ပလီကေးရှင်းကို အိန္ဒိယနိုင်မှာ ပိတ်ပင်ထားပြီး အမေရိကန် အစိုးရကလည်း ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ယိုစိမ့်နိုင်တယ်လို့ ပြောဆိုကာ ပိတ်ပင်ဖို့ ချင့်ချိန်စဉ်းစားနေတာ ဖြစ်ပါတယ်။