ဇူလိုင် ၂၉ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
July 29, 2020
ဇူလိုင် ၂၉ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၆၉.၂ ကျပ်၊ ၁ ယူရိုငွေကို ၁၆၀၈.၇ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၉၉၅.၉၀ ကျပ်၊ ဂျပန်ယန်း ၁၀၀ ကို ၁၃၀၅.၂ ကျပ်၊ တရုတ် ၁ ယွမ်ကို ၁၉၅.၆၃ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၂၂.၆၆ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၃.၅၂ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး ၁ ကျပ်သားကို ရောင်းဈေးကတော့ ၁,၂၈၇,၀၀၀ ကျပ်၊ ဝယ်ဈေးကတော့ ၁,၂၈၅,၀၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁,၉၅၇ ဒေါ်လာ ဈေးပေါက်ပါတယ်။
(ကိုးကား - ရွှေစင်အကယ်ဒမီ)