လူတော်တော်များများက
မိုးစက်မိုးပေါက်လေးတွေ ကျနေတဲ့ အသံကို သဘောကျကြပါတယ်။ အကြောင်းကတော့
မိုးရာသီရဲ့ သံစဉ်လေးတွေက စိတ်ကို လန်းဆန်းစေလို့ပါ။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ မိုးရာသီမှာ ခပ်သင်းသင်းလေး လွင့်ပျံနေတတ်တဲ့
မိုးနံ့ သင်းသင်းလေး ကလည်း
ကျန်းမာရေးကို အထောက်အကူပြုပေးပါသေးတယ်။
မိုးနံ့ သင်းသင်းလေးနဲ့ မိုးစက်မိုးပေါက်လေးတွေက
ဦးနှောက်ရဲ့ ခံစားမှု အပိုင်းကိုရော
မှတ်ဉာဏ် ထိန်းသိမ်းမှု အပိုင်းကိုပါ ကောင်းကျိုးတွေ ပေးပါတယ်။
မိုးရွာချလိုက်တဲ့အခါ ထွက်လာတဲ့ မိုးနံ့သင်းသင်းလေးနဲ့ မိုးရေစက်လေးတွေက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲဆိုတာကို လေ့လာထားတဲ့ တွေ့ရှိချက်လေးတွေအကြောင်း ပြောပြပေးသွားပါမယ်။
မိုးကပေးတဲ့ ကျန်းမာရေး
ရွာချလိုက်တဲ့ မိုးစက် မိုးပေါက်လေးတွေ နဲ့ မိုးနံ့သင်းသင်းလေးတွေက....
လေထုတွေက ခြောက်သွေ့တဲ့
ရာသီကာလ မှာဆိုရင် ဖုန်မှုန့်တွေ၊ မီးခိုးငွေ့တွေကြောင့် ညစ်ညမ်းနေနိုင်ပါတယ်။ မိုးရာသီမှာတော့ ဒီလို မဟုတ်ဘဲ ပတ်ဝန်းကျင်က အေးမြနေသလို
လေထု ကလည်း လတ်ဆတ်လို့ နေပါတယ်။
မိုးရာသီရဲ့ ရနံ့လေးက စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်ပါတယ်။
စိတ်ခံစားမှု ကောင်းစေဖို့လည်း အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။
ပိုမို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်စေတယ်
မိုးစက် မိုးပေါက်လေးတွေ နဲ့ မိုးနံ့ သင်းသင်းလေးက ဆင်ခြင်တွေးတောနိုင်စွမ်းနဲ့
နားလည်နိုင်စွမ်းကို တိုးတက်စေပြီး ပြဿနာတွေကို ကောင်းကောင်း ဖြေရှင်းနိုင်စေသလို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်စေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။
အသားအရေကို ကျန်းမာစေတယ်
မိုးကာလမှာ လေထုက လတ်ဆတ်သလို
အစိုဓာတ် ပါဝင်မှုကလည်း များပါတယ်။ ဒီလို အစိုဓာတ် ပါဝင်နေမှုကပဲ အသားအရေကို အစိုဓာတ် ထိန်းပေးပြီး ခြောက်သွေ့မှု ကင်းစေလို့
အရေပြား ကျန်းမာစေမှာပါ။
လေထုထဲမှာ ပါတဲ့ အရေပြားကို ထိခိုက်စေနိုင်တဲ့
ဘက်တီးရီးယားတွေကို အကောင်းဆုံး ဖယ်ရှား ပေးနိုင်ပါတယ်။
မိုးရာသီရဲ့ အေးမြမှု နဲ့ မိုးနံ့သင်းသင်းလေးက စိတ်ခံစားမှုကို ကောင်းစေနိုင်ပါတယ်။
ပြဿနာ ဖြေရှင်းနိုင်စွမ်းကို ကောင်းစေသလို စိတ်ကို ကြည်လင် စေနိုင်ပါတယ်။
ကယ်လ်လိုရီ လောင်ကျွမ်းစေနိုင်တယ်
ပူပြင်းတဲ့ ကာလတွေမှာ လေ့ကျင့်ခန်း မလုပ်ဖြစ်၊ ဟိုနား ဒီနား သွားတဲ့အခါ လမ်းမလျှောက် ဖြစ်ပေမယ့် မိုးကာလမှာ ရာသီဥတုက အေးတာကြောင့် လေ့ကျင့်ခန်း ပိုလုပ် ဖြစ်နိုင်သလို အနီးအနား သွားစရာကို လမ်းလျှောက် သွားတာကြောင့် ကယ်လ်လိုရီ ပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။
ကဲ..မိုးရာသီက စိုစိုစွတ်စွတ် ဖြစ်တယ်ဆိုပြီး စိတ်ညစ်မနေပါနဲ့။ အခုလို
အကျိုးကျေးဇူးလေးတွေ ပေးတယ် ဆိုတာကိုလည်း သတိပြုစေချင်ပါတယ်။
ရေးသားသူ Aye Thi Mon
ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။