A d v e r t i s e m e n t With Us

သြစတြေးလျ Dream World ကစားကွင်း၌ လူသေဆုံးမှု ကုမ္ပဏီတွင် အပြစ်ရှိဟု လျှောက်လဲ

FILE PHOTO: The exterior of the Dreamworld theme park, whose parent company Ardent Leisure Group has been charged by the Queensland Workplace Health and Safety prosecutor over the 2016 Thunder River Rapids tragedy that killed four people, is seen on the Gold Coast, Australia, July 21, 2020. Picture taken July 21, 2020. AAP Image/Darren England via REUTERS
၂၀၁၆ ခုနှစ်က သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ် Dream World ကစားကွင်းမှာ လူသေဆုံးခဲ့တဲ့ မတော်တဆမှု စွဲချက်တွေအတွက် လုပ်ငန်းလုပ်ကိုင်တဲ့ Ardent Leisure Group ကုမ္ပဏီက အပြစ်ရှိတယ်လို့ ဇူလိုင် ၂၉ ရက်က တရားရုံးမှာ လျှောက်လဲပါတယ်။ ကစားကွင်းအတွင်း ရေစီးကြမ်း လှေစီးသူ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ဟာ တခြားစီးနင်းသူမပါတဲ့လှေနဲ့ တိုက်မိပြီး ချက်ချင်း ဆိုသလို သေဆုံးသွားပါတယ်။  လှေပေါ်မှာပါသူ ကလေးငယ်နှစ်ယောက်ကတော့ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို စစ်ဆေးပြီးနောက်မှာ ကစားကွင်းအတွင်း လုံခြုံရေးဆိုင်ရာ အားနည်းချက် အတော်များများကို စုံစမ်းရေးမှူးတွေက တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီမတော်တဆမှုနဲ့ပတ်သက်လို့ လုပ်ငန်းခွင် ကျန်းမာရေးနဲ့ဘေးကင်းရေးအက်ဥပဒေအရ စွဲချက် ၃ ခုနဲ့ Ardent Leisure Group ကုမ္ပဏီကို အစိုးရရှေ့နေက ဘရစ္စဘိန်းတရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။ ဒီအမှုအတွက် အများဆုံးပြစ်ဒဏ်က သြစတြေးလျ ဒေါ်လာ ၄ ဒသမ ၅ သန်းအထိ ပေးဆောင်ရနိုင်တယ်လို့  ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up