နည်းပြလမ်းပတ် အစီအစဉ်တွေက အသင်းပြောင်းရွှေ့ရန် အဓိကဖြစ်ဟု တီမိုဝါနာပြော

နည်းပြလမ်းပတ်ရဲ့ အစီအစဉ်တွေက ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့လာဖို့ အဓိကဖြစ်စေခဲ့တယ်လို့ တိုက်စစ်မှူးသစ် တီမိုဝါနာက ပြောပါတယ်။ ဂျာမနီတိုက်စစ်မှူး ဝါနာဟာ လိုက်ဇစ်ကနေ ပေါင် ၅၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ ဝုဗ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကို ပွဲကြည့်စင်ကနေ ကြည့်ရူခဲ့တဲ့ ဝါနာဟာ အသင်းနည်းပြ လမ်းပတ်ရဲ့ အစီအစဉ်တွေက အသင်းပြောင်းရွှေ့ဖို့ အဓိက ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။  နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီး ဘယ်လို ကစားမယ်၊ မိမိကို ဘယ်လို ကစားစေမယ်ဆိုတာတွေနဲ့ အသင်းကစားပုံနဲ့ အံဝင်မယ်ဆိုတဲ့အကြောင်းတွေကို နည်းပြ လမ်းပတ်နဲ့ ဆွေးနွေးခဲ့ပြီး အဲဒီအချက်တွေက အသင်းပြောင်းဖို့ အဓိကဖြစ်လာစေခဲ့တယ်လို့ တီမိုဝါနာက ပြောပါတယ်။ ၂၀၁၂ ခုနှစ်က ဘိုင်ယန်ကို အနိုင်ရခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ ခြေစွမ်းကို သဘောကျခဲ့ပြီး ဒရော့ဘာ၊ ပီတာချက်နဲ့ လမ်းပတ်တို့ကို အားကျခဲ့ဖူးကြောင်းလည်း တီမိုဝါနာက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up