ဝီလီယံ အနာဂတ်ကို အက်ဖ်အေဗိုလ်လုပွဲအပြီးမှာ ဆုံးဖြတ်မည်

947
ချဲလ်ဆီး ကစားသမား ဝီလီယံဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီးမှာ ဆုံးဖြတ်မယ်လို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။
ဝီလီယံဟာ ပြီးခဲ့တဲ့ဇွန်လက အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ရာသီကုန်အထိ ကာလတိုစာချုပ် ချုပ်ဆိုခဲ့တာပါ။
အသင်းနဲ့ ၃ နှစ်သက်တမ်းတိုးဖို့ ဆန္ဒရှိပေမယ့် အသင်းဘက်က ၂ နှစ်သာ သက်တမ်းတိုး လိုတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြီးသတ် ဆုံးဖြတ်ချက်ကိုတော့ အာဆင်နယ်နဲ့ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်အပြီးမှာ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ အေးဂျင့်ဖြစ်သူ ဂျော်ရက်ဘ်ချီယန်က ပြောပါတယ်။
ဝီလီယံကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှု ၅ ခု ရရှိထားပြီး အမေရိကန် မေဂျာလိဂ်ကလပ် ၁ သင်း၊ ပရီးမီးယားလိဂ်ကလပ် ၂ သင်းနဲ့ တခြားဥရောပအသင်း ၂ သင်းလည်း ပါဝင်တယ်လို့ ဝီလီယံရဲ့အေးဂျင့်ဖြစ်သူ ရက်ဘ်ချီယန်က အတည်ပြုပါတယ်။
ချဲလ်ဆီးအသင်းဟာ အေဂျက်ဇ်က ဇီယက်ချ်နဲ့ လိုက်ဇစ်က တီမိုဝါနာတို့ကို ခေါ်ယူထားပြီး ဖြစ်လို့ ဝီလီယံကို လက်လွှတ်လိုက်ဖို့ ရှိနေပါတယ်။