A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ ကပ်ရောဂါအလွန်တွင် လက်တင်အမေရိကနိုင်ငံများ ပိုမိုဆင်းရဲနိုင်

ကိုဗစ်-၁၉ ကပ်ရောဂါအပြီးမှာ လက်တင်အမေရိကနိုင်ငံတွေ ပိုမိုဆင်းရဲသွားမယ်လို့ အမေရိကနိုင်ငံများ ဖွံ့ဖြိုးရေးဘဏ် IADB ဥက္ကဋ္ဌက ပြောပါတယ်။  မကြာသေးခင်နှစ်တွေမှာ စီးပွားရေးတိုးတက်နှုန်း နှေးကွေးနေတဲ့ လက်တင်အမေရိကဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ကွာရန်တင်း အစီအမံတွေ အကျိုးဆက်ကြောင့် ၂၀၂၀ မှာ စီးပွားရေး ကျုံ့ဝင်မှုဟာ ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ဖြစ်နိုင်တယ်လို့ IADB ဥက္ကဋ္ဌ လူးဝစ်အဲဘတ်တိုမော်ရန်နိုက အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။ ကပ်ရောဂါက လက်တင်အမေရိကကိုသာ မဟုတ်၊ တခြားကမ္ဘာ့နိုင်ငံတွေကို ဆင်းရဲစေမှာ ဖြစ်ပေမယ့် လက်တင်အမေရိကဟာ ထွန်းသစ်စ ဈေးကွက်ဒေသ ဖြစ်တာမို့ ပိုအထိနာမယ်လို့  မော်ရန်နိုက ဆိုပါတယ်။ လက်တင်အမေရိကနိုင်ငံတွေရဲ့ ဒေသတွင်း အကြီးမားဆုံး ငွေချေးဘက်တစ်ခု ဖြစ်တဲ့ IADB ဟာ ဒီနှစ်ဆိုရင် ချေးငွေ အမေရိကန်ဒေါ်လာဘီလီယံ ၂၀ နီးပါးကို ခွင့်ပြုပေးသွားမှာပါ။   ချေးငွေထဲက ၁၅ ဘီလီယံဝန်းကျင်ဟာ အစိုးရတွေရဲ့ ကျန်းမာရေးစနစ်  ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့ဖြစ်တယ်လို့လည်း မိုရန်နိုက ထပ်လောင်းပြောဆိုပါတယ်။  ဒေသတွင်း စီးပွားရေးအဆိုးဆုံးဟာ ဗင်နီဇွဲလားဖြစ်ပေမဲ့ သမ္မတမာဒူရို အစိုးရဟာ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကြွေးဆပ်ဖို့ ပျက်ကွက်တာကြောင့် IADB အနေနဲ့ ဗင်နီဇွဲလားကို ရန်ပုံငွေ မထောက်ပံ့နိုင်ဘူးလို့ မိုရန်နို ပြောဆိုတာကို ရိုက်တာသတင်းမှာ  ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up