A d v e r t i s e m e n t With Us

ရန်ကုန်တိုင်းရှိ ဘုရားစေတီများကို ဇူလိုင်လကုန် ပြန်ဖွင့်ရန်စီစဉ် 

ရန်ကုန်တိုင်းထဲမှာရှိတဲ့ဘုရားစေတီတွေကို ဒီလကုန်ကစပြီး ကျန်းမာရေးစည်းကမ်းချက်နဲ့ညီ  ပြန်ဖွင့်ဖို့  ရန်ကုန်တိုင်းအစိုးရက သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးတွေဆီ ဒီနေ့ အကြောင်းကြား လိုက်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဘုရားစေတီတွေကို အများပြည်သူတွေ လာရောက်ဖူးမြော်ခွင့် ယာယီပိတ်ထားခဲ့ရာကနေ ဇူလိုင် ၃၀ ရက် မနက် ၄ နာရီကစပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းချက်တွေနဲ့အညီ ပြန်ဖွင့်ဖို့ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးတွေဆီ ဒီနေ့ အကြောင်းကြားလိုက်တာပါ။ မြို့တွင်းဧရိယာထဲမှာရှိနေတဲ့ ဘုရားစေတီတွေကို တိုင်းလူမှုရေးဝန်ကြီးဦးဆောင်တဲ့ အဖွဲ့က စစ်ဆေးသွားမှာဖြစ်ပြီး မြို့ပြင်မှာရှိနေတဲ့ ဘုရားစေတီတွေကိုတော့ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွေနဲ့ ကိုဗစ်ကော်မတီတွေက စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ စစ်ဆေးမပြီးသေးဘူးဆိုရင်လည်း ဇူလိုင် ၃၀ ရက် မနက် ၄ နာရီကစပြီး ပြန်ဖွင့်လို့ရပြီလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up