Home
မြန်မာသတင်း
ဒုတိယအကြိမ် ကိုဗစ်ချေးငွေ လျှောက်ထားနိုင် 
DVB
·
July 28, 2020
ကိုဗစ်-၁၉  ကြောင့် စီးပွားရေး ထိခိုက်ခဲ့တဲ့လုပ်ငန်းတွေအတွက် နိုင်ငံတော် အစိုးရရဲ့ ဒုတိယအကြိမ် ကိုဗစ်ချေးငွေကို အခုလ ၂၉ ရက်နေ့မှာ စတင်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရန်ပုံငွေကနေ ဒုတိယအကြိမ် ထုတ်ချေးမဲ့ချေးငွေကို ဇူလိုင်လ ၂၉ ရက်ကနေ ဩဂုတ်လ ၁၀ ရက်အတွင်း လျှောက်ထားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကနေ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်ခဲ့တဲ့လုပ်ငန်းတွေကို ဘဏ္ဍာရေးဆိုင်ရာ အကူအညီ ဆက်လက်ပေးအပ်ဖို့အတွက် COVID-19 Fund ကိုကျပ် ၁၀၀ ဘီလီယံ ထပ်မံဖြည့်တင်းပေးထားတာဖြစ်ပါတယ်။ ဒီရန်ပုံငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ ပြည်ပပို့ကုန်ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ၊ သွင်းကုန်အစား ထိုးပစ္စည်းထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ၊ ပြည်တွင်းထုတ်လုပ်မှုကနေ ပြည်ပတင်ပို့တဲ့အထိ ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်ပါဝင် ဆောင်ရွက်တဲ့လုပ်ငန်းတွေကို ချေးငွေ ထုတ်‎ချေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင်စားသောက်ကုန် ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ၊ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေကိုလည်း ထုတ်ချေးပေးသွားမှာပါ။ ချေးငွေထုတ်ပေးရာမှာ မြန်ဆန်မှုရှိစေဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်အပါအဝင် ပုဂ္ဂလိက ဘဏ်တွေကပါတဆင့် ထုတ်ချေးပေးသွားမှာဖြစ်ပြီး အတိုးနှုန်းကိုတော့ ၁ ရာခိုင်နှုန်းနဲ့ ချေးငွေကာလကို တစ်နှစ်သတ်မှတ်ထားပါတယ်။ ချေးငွေ လျှောက်ထားမှုနဲ့ပတ်သက်ပြီး သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ထားပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီမှသာ ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ ချေးငွေ ပြန်ပေးဆပ်ဖို့ ပျက်ကွက်ရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်မှာဖြစ်ပြီး Credit Bureau မှာလည်း Negative List အဖြစ် ထည့်သွင်းခံရမှာ ဖြစ်တဲ့အပြင်ဘဏ်နဲ့ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေထံကလည်း ချေးငွေရယူနိုင်ခြင်း မရှိအောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024