A d v e r t i s e m e n t With Us

ဩစတြေးလျဝန်ကြီးချုပ် ကိုဗစ်-၁၉ ပြဿနာများအတွက် ပြည်နယ်များသို့ သွားမည့်အစီအစဉ် ဖျက်သိမ်း

သြစတေးလျရဲ့ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကို အာရုံစိုက်ဖို့အတွက် ဝန်ကြီးချုပ် စကော့မောရစ်ဆင်ဟာ  ပြည်နယ်တွေကို လှည့်လည်သွားရောက်မယ့် အစီအစဉ်တွေကို ဇူလိုင် ၂၈ ရက်မှာ ဖျက်သိမ်းလိုက်ပါတယ်။ ဝန်ကြီးချုပ် မော်ရစ်ဆင်က “ဗစ်တိုးရီးယားပြည်နယ်မှာဆို အခြေအနေတွေက ရှုပ်ထွေးနေတယ်။ မဲလ်ဘုန်းမှာလည်း သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတွေမှာ လူအစုလိုက်အပြုံလိုက် ကူးစက်မှုတွေ မြင့်မားနေတယ်” လို့  ပြောပါတယ်။  ဇူလိုင် ၂၈ မှာပဲ  သြစတေးလျရဲ့ လူဦးရေ အများဆုံးပြည်နယ် ဗစ်တိုးရီးယားမှာ အသစ်တွေ့  အတည် ပြုလူနာ ၃၈၄ ဦး ရှိခဲ့ပါတယ်။ ဗစ်တိုးရီးယားပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း ကူးစက်မှုဖြစ်စဉ်တော်တော်များများဟာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတွေက လာတယ်လို့ ပြောဆိုပါတယ်။ ဝန်ကြီးချုပ် မော်ရစ်ဆင်ဟာ မြို့တော်ကင်ဘာရာကို ပြန်ဖို့အတွက် သူ့ရဲ့လက်ကျန် ကွင်းစလန်ပြည်နယ် လှည့်လည်ရေးခရီးစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ ရိုက်တာမှာ ရေးသားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up