Home
မြန်မာသတင်း
ကရင်ပြည်သူ့ပါတီ (KPP) ကိုယ်စားလှယ်လောင်း ၇၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်
နော်နိုရင်း
·
July 28, 2020
ကရင်ပြည်သူ့ပါတီ (KPP) အနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၅ နေရာအပါအဝင် ကိုယ်စားလှယ်လောင်း ၇၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့  ပါတီခေါင်းဆောင်က ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိမှာတော့ ကိုယ်စားလှယ်လောင်းစာရင်းတွေအတည်ပြုနေပြီး လာမယ့်ရက်ပိုင်းမှာ ထုတ်ပြန်ပေးသွားမယ်လို့လည်း ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ  စောထွန်းအောင်မြင့်က ပြောပါတယ်။ “ပြောနိုင်တာကတော့ တိုင်းရင်းသားရေးရာကတော့ ကျနော်တို့  ၅ နေရာစလုံး ဝင်ပြိုင်မယ်လေ။ ကျန်တာကတော့ ကျနော်တို့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ကျနော်တို့ ဝင်ကြမှာပေါ့နော်။ ကရင်ပြည်နယ်မှာတော့ သံတောင်ကြီးမြို့နယ်ရှိတယ်ပေါ့။ အဓိက သံတောင်ကြီပေါ့ ကျနော်တို့ ညှိနှိုင်းချက်အရပေါ့နော်။ ဖာပွန်ခရိုင်လည်း ပါဖို့နည်းနည်းရှိတယ်။” ဝင်ရောက်ယှဉ်ပြိုင်မယ့်နေရာတွေနဲ့ ပါတီကိုယ်စားလှယ်လောင်းတွေကိုတော့ လာမယ့်ရက်ပိုင်းမှာ  ထုတ်ပြန်ပေးသွား မယ်လို့လည်း စောထွန်းအောင်မြင့်ကပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင် ၄ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကရင်ပြည်သူ့ပါတီ (KPP) ကတော့ကိုယ်စားလှယ်ဦးရေ အများဆုံး ဝင်ပြိုင်မှာဖြစ်ပါတယ်။ ကရင်ပြည်သူ့ပါတီမှာ ကေအန်ယူကနေ မကြာသေးခင်ကမှ နုတ်ထွက်လိုက်တဲ့ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်လည်း ပန်းတနော်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ပြိုင်မှာဖြစ်ပါတယ်။ ကရင်ပြည်သူ့ပါတီ (KPP) ဟာ  ၂၀၁၀ မေလမှာ ပါတီစတင်တည်ထောင်ပြီးနောက်၂၀၁၀ ရွေးကောက်ပွဲမှာ  ၆ နေရာ ၂၀၁၅ ရွေးကောက်ပွဲမှာ သံတောင်ကြီးပြည်နယ်လွှတ်တော်တစ်နေရာ အနိုင်ရရှိခဲ့ဖူးပြီး ရွေးကောက်ပွဲနှစ်ကြိမ်ဆက် အနိုင်ရတဲ့ တစ်ခုတည်းသော ကရင်ပါတီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024