A d v e r t i s e m e n t With Us

ကရင်ပြည်သူ့ပါတီ (KPP) ကိုယ်စားလှယ်လောင်း ၇၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်

ကရင်ပြည်သူ့ပါတီ (KPP) အနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၅ နေရာအပါအဝင် ကိုယ်စားလှယ်လောင်း ၇၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့  ပါတီခေါင်းဆောင်က ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိမှာတော့ ကိုယ်စားလှယ်လောင်းစာရင်းတွေအတည်ပြုနေပြီး လာမယ့်ရက်ပိုင်းမှာ ထုတ်ပြန်ပေးသွားမယ်လို့လည်း ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ  စောထွန်းအောင်မြင့်က ပြောပါတယ်။ “ပြောနိုင်တာကတော့ တိုင်းရင်းသားရေးရာကတော့ ကျနော်တို့  ၅ နေရာစလုံး ဝင်ပြိုင်မယ်လေ။ ကျန်တာကတော့ ကျနော်တို့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ကျနော်တို့ ဝင်ကြမှာပေါ့နော်။ ကရင်ပြည်နယ်မှာတော့ သံတောင်ကြီးမြို့နယ်ရှိတယ်ပေါ့။ အဓိက သံတောင်ကြီပေါ့ ကျနော်တို့ ညှိနှိုင်းချက်အရပေါ့နော်။ ဖာပွန်ခရိုင်လည်း ပါဖို့နည်းနည်းရှိတယ်။” ဝင်ရောက်ယှဉ်ပြိုင်မယ့်နေရာတွေနဲ့ ပါတီကိုယ်စားလှယ်လောင်းတွေကိုတော့ လာမယ့်ရက်ပိုင်းမှာ  ထုတ်ပြန်ပေးသွား မယ်လို့လည်း စောထွန်းအောင်မြင့်ကပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင် ၄ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကရင်ပြည်သူ့ပါတီ (KPP) ကတော့ကိုယ်စားလှယ်ဦးရေ အများဆုံး ဝင်ပြိုင်မှာဖြစ်ပါတယ်။ ကရင်ပြည်သူ့ပါတီမှာ ကေအန်ယူကနေ မကြာသေးခင်ကမှ နုတ်ထွက်လိုက်တဲ့ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်လည်း ပန်းတနော်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ပြိုင်မှာဖြစ်ပါတယ်။ ကရင်ပြည်သူ့ပါတီ (KPP) ဟာ  ၂၀၁၀ မေလမှာ ပါတီစတင်တည်ထောင်ပြီးနောက်၂၀၁၀ ရွေးကောက်ပွဲမှာ  ၆ နေရာ ၂၀၁၅ ရွေးကောက်ပွဲမှာ သံတောင်ကြီးပြည်နယ်လွှတ်တော်တစ်နေရာ အနိုင်ရရှိခဲ့ဖူးပြီး ရွေးကောက်ပွဲနှစ်ကြိမ်ဆက် အနိုင်ရတဲ့ တစ်ခုတည်းသော ကရင်ပါတီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up