တိုက်စစ်မှူးအမ်ဘာပေ ဒဏ်ရာကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲ လွဲချော်

878
ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် အတ္တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်မယ်လို့ အသင်းက အတည်ပြုခဲ့ပါတယ်။
အမ်ဘာပေဟာ စိန့်အက်တီယန်နဲ့ ကစားခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ နောက်ခံလူ ပါရင်ရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး လူစားလဲခဲ့ရတာပါ။
ဒဏ်ရာကို စကမ်ဖတ် စစ်ဆေးအပြီးမှာတော့ ခြေချင်းဝတ်အရွတ် ထိခိုက်မိတာဖြစ်လို့ ၃ ပတ်ခန့် အနားယူရမှာဖြစ်ကြောင်း အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် စနေနေ့ မှာ လီယွန်နဲ့ ကစားမယ့် ရှုံးထွက်ဖလားဗိုလ်လုပွဲကို လွဲချော်မှာဖြစ်သလို သြဂုတ် ၁၃ ရက်မှာ ကစားမယ့် အတ္တလန္တာနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။
ပြင်သစ် လီဂူးဝမ်းပွဲစဉ်တွေကို သြဂုတ် ၂၄ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး အဲဒီပွဲမှာတော့ အမ်ဘာပေ ပြန်လည်ကစားနိုင်ဖို့ရှိနေပါတယ်။