A d v e r t i s e m e n t With Us

ကယားပြည်နယ်တွင် မဲဆန္ဒရှင် ၂၀၄၆၇၇ ဦးရှိ၊ ၂၀၁၅ ထက် ၂၀၀၀၀ ကျော်တိုးလာ

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  ကယားပြည်နယ် တပြည်နယ်လုံးမှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မဲဆန္ဒပေးပိုင်ခွင့်ရှိသူပေါင်း  ၂၀၄,၆၇၇ ဦးရှိပြီး အရင် ၂၀၁၅  ရွေးကောက်ပွဲထက် မဲဆန္ဒရှင် ၂၀၀၀၀ ကျော် တိုးလာကြောင်း ကယားပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ပြောပါတယ်။ “၂၀၁၅ ရွေးကောက်ပွဲနေ့မှာ ရှိတာက ၁၇၈၃၁၆ ဦး၊ လက်ရှိဟာဆိုရင်တော့ ၂၆၃၆၁ ဦး အတိုးရှိမှာပေါ့နော်။ ” ဇူလိုင် ၂၅ ရက်ကစပြီး စတင်ထုတ်ပြန်တဲ့ မဲဆန္ဒရှင်အရေအတွက်အရ ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ၉၅၉၁၇ ဦး၊ ရှားတောမြို့နယ်မှာ ၅၁၄၇ ဦး၊ ဖရူဆိုမြို့နယ်မှာ  ၁၉၇၈၅ဦး၊  ဒီးမော့ဆိုမြို့နယ်မှာ  ၅၆၃၉၁ ဦး၊ မယ်စဲ့မြို့နယ်မှာ ၄၉၁၆ ဦး၊ ဘောလခဲမြို့နယ်မှာ ၈၀၂၀ ဦး နဲ့ဖားဆောင်းမြို့နယ်မှာ ၁၄၅၀၁ ဦးရှိကြောင်း ဦးကျော်ဆန်းဝင်းက ပြောပါတယ်။ အခုထုတ်ပြန်ထားတဲ့စာရင်းတွေကို ပြင်ဆင်ဖြည့်စွက်မှုတွေရှိဦးမှာဖြစ်ပါတယ်။ ဆန္ဒမဲပေးမယ့် မိဘပြည်သူတွေအနေနဲ့ မဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ ရက်နေ့မှ စတင်ကပ်ထားပြီး ဖြစ်တာကြောင့် မဲစာရင်းကြည့်ခြင်း အားဖြင့် ပိုပြီး ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်းတွေဖြစ်လာဖို့ ဝိုင်းဝန်းကူညီဖို့လည်း ကော်မရှင်က တိုက်တွန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up