A d v e r t i s e m e n t With Us

လီဗာပူး နောက်ခံလူ လိုဗရန် ရုရှားကလပ် ဇင်းနစ်ဆီ ၃ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့

လီဗာပူးနောက်ခံ ကစားသမား လိုဗရန်ဟာ ရုရှားကလပ် ဇင်းနစ်အသင်းဆီကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။  အသက် ၃၀ အရွယ် ခရိုအေးရှားနောက်ခံလူ လိုဗရန်ဟာ ဗန်ဒိုက်၊ မာတစ်နဲ့ ဂျိုးဂိုမက်ဇ်တို့ ရှိနေတဲ့ ဗဟိုခံစစ်နေရာမှာ ပွဲထွက်ခွင့်နည်းပါးခဲ့ပြီး အခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၁၅ ပွဲပဲ ကစားခဲ့ရပါတယ်။  လိုဗရန်ဟာ ၂၀၁၄ ခုနှစ်က ဆောက်သမ်တန်ကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် စုစုပေါင်း ၁၈၅ ပွဲ ကစားပေးခဲ့ပြီး ၈ ဂိုး သွင်းခဲ့ပါတယ်။  ပြောင်းရွှေ့ကြေးကို နှစ်သင်းစလုံးက ထုတ်ပြန်ကြေညာခြင်းမရှိပေမယ့်လည်း ပေါင် ၁၁ သန်း ဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။ ဇင်းနစ်အသင်းမှာ အခုနှစ် ရုရှားလိဂ်မှာ ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ခဲ့ပြီး ၆ ကြိမ်မြောက် ရရှိခဲ့ပါတယ်။  လိုဗရန်ဟာ လီဗာပူးနဲ့ ၄ နှစ်ကြာကာလအတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရခဲ့သလို ဥရောပချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ကမ္ဘာ့ကလပ် ချန်ပီယံဆုဖလားတွေလည်း ရယူနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up