ဧရာ၀တီမြစ်ရေ မန္တလေးမြို့၏ စိုးရိမ်ရေမှတ်ရောက်ရန် နီးကပ်လာ
ဧရာ၀တီမြစ်ရေဟာ မန္တလေးမြို့ရဲ့ စိုးရိမ်ရေမှတ် ရောက်ရှိဖို့ အနည်းငယ်သာ လိုပါတော့တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒရဲ့ တိုင်းထွာချက်အရ သိရပါတယ်။
မန္တလေးမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၂၆၀ စင်တီမီတာ ဖြစ်ပြီး ဒီနေ့ ဇူလိုင် ၂၈ ရက်မနက် တိုင်းထွာချက်အရ ဧရာ၀တီမြစ်ရေဟာ မန္တလေးမြို့ရဲ့ မြစ်ရေချိန် ၁၂၄၄ စင်တီမီတာသို့ ရောက်ရှိနေပါတယ်။
မြစ်ရေကြီးလာပါက အရေးပေါ်အသုံးပြုနိုင်ဖို့ ဧရာ၀တီမြစ်ကမ်းတစ်လျှောက်မှာ သဲအိတ်တွေ အဆင်သင့်ထားရှိပါတယ်။
Photo - Kaung Zaw Hein/ MPA