A d v e r t i s e m e n t With Us

နယ်စပ်ရေးရာ ဒုဝန်ကြီးသစ် အစားထိုးခန့်အပ်

နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဒုတိယဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် ဖုန်းမြတ်ကို ခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄ နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၇ ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ခန့်အပ်လိုက်တာလို့ သမ္မတ ဦးဝင်းမြင့် လက်မှတ်နဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာဖော်ပြပါတယ်။ အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ် သန်းထွဋ်ကိုလည်း မူလစစ်ဘက်တာဝန် ဝတ္တရားတွေ ပြန်လည်ထမ်းဆောင်ခွင့်ပြုလိုက် ကြောင်းလည်း သမ္မတရုံးက သီးခြားထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ်  ဗိုလ်မှူးကြီး ဝင်းတင့်နဲ့  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး  ဝင်းတင်စိုးတို့ကို  ခန့်အပ်ခဲ့ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up