ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ၁၃ ဦးခန့်ဝင်ပြိုင်မည်  

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ  ရှမ်းပြည်နယ် ၅ မြို့နယ်လောက်မှာ ကိုယ်စားလှယ်လောင်း ဦးရေ ၁၃ ဦးလောက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျာထားတယ်လို့  ပါတီအတွင်းရေးမှူး ခွန်စိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။  “ ကျနော်တို့  ပင်လောင်း ၊ ဟိုပုံး ၊ ဆီဆိုင် ၊ ရပ်စောက် ၊ တောင်ကြီး  ၅ မြို့နယ်မှာ ယှဉ်ပြိုင်ဖို့ လျာထားပါတယ်ခင်ဗျ။ အခုလောလောဆယ် လွိုင်လင်မြို့နယ်က ကိုယ်စား လှယ်လောင်းအမည်စောင့်နေပါတယ်။ လွိုင်လင်က စာရင်းရောက်ရင်တော့ ၆ မြို့နယ်ပေါ့။ ကိုယ်စားလှယ်လောင်း ၁၃ ယောက်လောက်ရှိလိမ့်မယ်။ လာမယ့်အစည်းအဝေးမှ အတည်ပြုမှာပါ။” ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ ရည်မှန်းချက်မှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရရှိရေးနဲ့ ပအိုဝ်းပြည်နယ် ဖော်ထွန်းရေးဖြစ်တယ်လို့ ဆိုပါတယ်။  ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီဟာ  လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က  ၁၉၅၀ ဩဂုတ် ၂ ရက်မှာ  စတင်တည်ထောင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။   ၁၉၅၂ ရွေးကောက်ပွဲမှာ  ညောင်ရွှေအရှေ့ဘက်ခြမ်း မဲဆန္ဒနယ်၊ မိုင်းပွန်မဲဆန္ဒနယ်၊ ရပ်စောက်မဲ ဆန္ဒနယ်တို့မှာ အနိုင်ရရှိခဲ့ပြီး ၁၉၅၆ ရွေးကောက်ပွဲမှာ လွိုင်လုံ၊ သာမိုင်ခမ်းမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာတော့ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမဲဆန္ဒနယ်တွေကနေ အနိုင်ရရှိခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up