ကိုရီးယားစစ်ပွဲရပ်စဲရေး ၆၇ နှစ်ပြည့် နှစ်ပတ်လည်ပွဲတွင် ကင်ဂျုံအန်း ပစ္စတိုသေနတ်များ ဝေပေး

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့တဲ့ ၆၇ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ပြုံယမ်းမြို့တော်အပြင်ဘက်က နိုင်ငံတော် စစ်သည်ဗိမာန်ကိုသွားခဲ့ပြီး စစ်တပ်အရာရှိတွေကို အထိမ်းအမှတ် ပစ္စတိုသေနတ်တွေ ဝေပေးခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က ဇူလိုင်လ ၂၇မှာ ကြေညာ ပါတယ်။  ကိုရီးယားစစ်ပွဲအတွင်း သေဆုံးခဲ့သူတွေကို မြှုပ်နှံရာ နိုင်ငံတော်စစ်သည်ဗိမာန်မှာ ကင်က နှင်းဆီ တပွင့် ချထားခဲ့ပြီး အဖမြေလွတ်မြောက်ရေး စစ်ပွဲသူရဲကောင်း သင်္ချိုင်းက ကျောက်တိုင်ကြီး ရှေ့မှာ ဦးညွှန့် အလေးပြုခဲ့တယ်လို့ KCNA သတင်းဌာနက ပြောပါတယ်။ ဒါပေမဲ့ ဘယ်အချိန်က ကင်သွားခဲ့တာလဲဆိုတာကို အတိအကျ မပြောပါဘူး။  အခမ်းအနား တက်ရောက်သူတွေဟာ ပစ္စတိုတွေကို ကိုင်မြှောက်ရင်း ကင်အတွက် သူတို့ အသက်နဲ့လဲပြီး တိုက်ပွဲဝင်မယ်လို့ ခိုင်ခိုင်မြဲမြဲ ကတိပြုခဲ့တယ်လို့ KCNA က  ထုတ်လွှင့်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up