A d v e r t i s e m e n t With Us

မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ၆၂ နေရာ ရွေးကောက်ပွဲဝင်ပြိုင်မည်

မွန်ညီညွတ်ရေးပါတီဟာ တိုင်းနဲ့ပြည်နယ် ၄ ခုမှာ ကိုယ်စားလှယ်လောင်း  ၆၂ နေရာမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဇူလိုင် ၂၆ ရက်က ပြုလုပ်တဲ့ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အပါအဝင် အစုအဖွဲ့ ၄ စု ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီဟာ လာမယ့် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်မှာ ၃၅ နေရာ၊ ကရင်ပြည်နယ်မှာ ၁၂ နေရာ၊ တနင်္သာရီမှာ ၈ နေရာနဲ့  ရန်ကုန်တိုင်းမှာ ၇ နေရာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။ လက်ရှိမှာတော့ မွန်ပြည်နယ်ရဲ့ ကျန်နေရာ တချို့နဲ့ ပဲခူးတိုင်းတို့မှာ ရွေးကောက်ပွဲ ဝင်ဖို့ ကိုယ်စားလှယ်လောင်းတွေကို ကမ်းလှမ်း ညှိနှိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောပါတယ်။ ပါတီရဲ့ လတ်တလော ကိုယ်စားလှယ် ရွေးချယ်မှုအရ လူငယ်နဲ့ အမျိုးသမီး ပါဝင်မှုဟာ ၃၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့လည်း သိရပါတယ်။ လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့  သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းကတော့ ရွေးကောက်ပွဲ မဝင်တော့ဘူးလို့  သိရပါတယ်။ ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၁ ရက်နေ့မှာ တရားဝင်နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင် ရရှိထားတဲ့ ပါတီ တစ်ခု ဖြစ်ပါတယ်။  သတင်း- ဇော်လွင်ထွဋ် 

A d v e r t i s e m e n t With Us

More News
Up