Home
မြန်မာသတင်း
သရုပ်ဆောင်ဒေါင်း ကိုယ်တိုင်ရေးပန်းချီပုံဖြင့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းကာကွယ်ရေး လှုံ့ဆော်
DVB
·
July 27, 2020
       ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား ဒေါင်းက သူကိုယ်တိုင်ဆွဲထားခဲ့တဲ့ လင်းပိုင်ပုံပန်းချီကားလေးနဲ့အတူ ရှားပါးဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ်စောင့် ရှောက်ရေးအတွက် ပရိသတ်တွေကို လှုံ့ဆော်ထားပါတယ်။        ဒီပုံကိုတော့ သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ် မှတဆင့် Profile ချိန်းပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။        ဒီအကြောင်းနဲ့ ပတ်သက်ပြီး “ကျနော် ခုနက ချိန်းလိုက်တဲ့ Profile လေး အ ကြောင်း ပြောပြချင်တယ်။ အဲ့ဒိချစ်စရာ ဧရာဝတီလင်းပိုင်ပုံလေးကို သူတို့လေးတွေကို ချစ်တဲ့စိတ်နဲ့ ကျနော်ကိုယ်တိုင်ဆွဲထားတာပါ။ အဲ့လိုပဲ ဧရာဝတီလင်းပိုင်လေးတွေကို ချစ် ကြတဲ့ သူများကလည်း လင်းပိုင်ပုံလေးတွေကို ကိုယ်တိုင်ဆွဲပြီး မိမိ account မှာ profile လေးတွေချိန်းကြရအောင်ဗျ။ မိမိဆွဲထားတဲ့ ပုံလေးတွေကို ကျွန်တော့် ဒီပိုစ့်အောက်က comment မှာလည်းလာပြပေးပါ့လားဗျ။ ကျနော်လည်းကြည့်ပြီးပီတိဖြစ်ချင်လို့ပါဗျ”လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။        ဧရာဝတီလင်းပိုင်တွေဟာ ရေနေနို့တိုက်သတ္တဝါအမျိုးအစားဖြစ်ကြပြီး ကမ္ဘာမှာ မျိုးတုံးပျောက်ကွယ်တော့မယ့် ရှားပါးမျိုးစိတ်အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။        လတ်တလောမှာတော့ အကြောင်းရင်းအမျိုးမျိုးကြောင့် သေဆုံးရတဲ့ ဧရာဝတီ လင်းပိုင်အရေအတွက်ဟာ ခပ်စိပ်စိပ်ဖြစ်လာနေတာမို့ ထိန်းသိမ်းစောင့်ရှောက်ကာကွယ် သင့်တဲ့ ကာလဖြစ်နေတာပါ။        လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက ဧရာဝတီမြစ်ထဲမှာ ရှင်သန်ကျက်စား ခဲ့တဲ့ ဧရာဝတီလင်းပိုင်တွေဟာ ရေလုပ်သားတွေနဲ့ အကျိုးတူ ပူးပေါင်းငါးဖမ်းတဲ့  ရိုးရာ အလေ့အထကြောင့် လူသားအကျိုးပြုသတ္တဝါအနေနဲ့လည်း သိကြပြီး လတ်တလောမှာ တော့ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။        ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေကိုတော့  ဧရာဝတီမြစ်ရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းနဲ့ မန္တလေးတိုင်းဒေသကြီး ကျောက်မြောင်းမြို့ အကြား ၇၄ ကီလိုမီတာ အကျယ်အဝန်းရှိတဲ့ ထိန်းသိမ်းရေးနယ်မြေအဖြစ်၂ဝဝ၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။        ဧရာဝတီလင်းပိုင်စာရင်းကောက်ယူမှုတွေကို ငါးလုပ်ငန်းဦးစီးဌာနနဲ့ သားငှက် ထိန်းသိမ်းရေးဌာနတို့ကနေ ပူးပေါင်းပြီး ၂၀၀၂ ခုနှစ်က စတင်ကာ  နှစ်စဉ်စစ်တမ်း ကောက်ယူနေတာဖြစ်ပြီး လက်ရှိ ဧရာဝတီမြစ်ထဲမှာ ထိန်းသိမ်းထားတဲ့ ဧရာဝတီလင်း ပိုင်အကောင် ၇၀ လောက်ရှိနေတယ်လို့ သိရပါတယ်။        ဧရာဝတီလင်းပိုင်တွေဟာ မြစ်ရေတိုးလာတဲ့အချိန်မှာ ငါးတွေရှိတဲ့ ချောင်းရိုး၊ ချောင်းဖျားအထိ လိုက်လံအစာရှာဖွေစားသောက်တဲ့ အလေ့အထရှိပြီး ပိုက်ငြိ သေဆုံး တာနဲ့ ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးတာနဲ့ ရင်ဆိုင်တွေ့သေဆုံးရတဲ့ အကြောင်းရင်း တွေလည်း ရှိနေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024