ရွေးကောက်ပွဲအကြိုစစ်တမ်းအရ လက်ရှိနယူးဇီလန်အာဏာရပါတီကို လူကြိုက်များ
နယူးဇီလန်လက်ရှိဝန်ကြီးချုပ် မစ္စဂျာစင်ဒါအာဒန်ရဲ့ပါတီဟာ လာမယ့်ရွေးကောက်ပွဲ မတိုင်ခင်ပြုလုပ်တဲ့ နောက်ဆုံးလူထုသဘောထား စစ်တမ်းတွေအရ ပြိုင်ဘက်တွေကို ကျော်ပြီး အပြတ်အသတ်လူကြိုက်များနေပါတယ်။
ဒါ့ကြောင့် အသက် ၄၀ အရွယ်ရှိ ဝန်ကြီးချုပ် အာဒန်ဟာ လာမယ့်စက်တင်ဘာရွေးကောက် ပွဲတွေမှာ သက်သောင့်သက်သာနဲ့အနိုင်ရ သွားဖို့ရှိနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
Newshub- Reid သုတေသနဌာနရဲ့ ဇူလိုင် ၂၆ ထုတ်ပြန်ချက် လူထုစစ်တမ်းအရ မစ္စ အာဒန်ရဲ့လေဘာပါတီဟာ လူကြိုက်များမှုနှုန်း ၆၀ ဒသမ ၉ ရာခိုင်နှုန်း ရှိနေပြီး ဒါဟာ စစ်တမ်းရဲ့ သမိုင်းမှာ အမြင့်ဆုံးနှုန်းလည်း ဖြစ်ပါတယ်။
လူဦးရေ ၅ သန်းပဲရှိတဲ့ နယူးဇီလန်ဟာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂၀၆ ဦးနဲ့ သေဆုံး သူ ၂၂ ဦး ရှိပြီး ရောဂါကင်းစင်းကြောင်း ကြေညာနိုင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။