Home
မြန်မာသတင်း
စိုင်းစိုင်းသီဆိုထားသည့် ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ဇာတ်ဝင်တေး-“ယုံပါ”
DVB
·
July 27, 2020
       “မင်းကြောင့်ဖြစ်တဲ့စိတ်ကူးများ… မင်းကြောင့်မက်တဲ့အိပ်မက်မှာ… မင်းကြောင့် ဘဝကိုငါစွဲလမ်းတတ်နေပြီ… ပန်းပွင့်လေးတွေခုန်ဆင်းချ… စမ်းချောင်းလေးတောင် လွန့်လူးလာ… သစ်ရွက်ခြောက်လို ငါ့နှလုံးသားလည်းကြွေပြီ…မင်းကြောင့်ကိုယ့်မှာ လွမ်းလည်းလွမ်းတတ်နေပြီ… ကိုယ့်ရဲ့ရင်ခုန်ခြင်းဆိုတာ… အကုန်မင်းကြောင့်ပါ အ ချစ်ရေ”        ပြီးခဲ့တဲ့ မတ်လက ရုံတင်ပြသခဲ့တဲ့ ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ကားထဲမှာ ပါဝင်သ ရုပ်ဆောင်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်သီဆိုထားတဲ့ “ယုံပါ”အမည်ရတဲ့ ဇာတ်ဝင်တေးတပုဒ် ထွက်ရှိလာခဲ့ပါတယ်။        ဒီရုပ်ရှင်ကားကိုတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Frenzo Production ကနေ တင်ဆက် လိုက်တာဖြစ်ပြီး နေနော်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ မီးပွားက ရိုက်ကူး ပုံဖော်ပေး ထားခဲ့တာ ဖြစ်ပါတယ်။ သင်္ကြန်ရာသီအမီ အပြင်အဆင်၊ အခင်းအကျင်းတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီ ရုပ်ရှင်ကားဟာ ဂီတကို အခြေခံထားတဲ့ အချစ်ဒရာမာဇာတ်ကားတကားဖြစ်ပြီး ဒီကား ထဲမှာတော့ အဂ္ဂါစိုင်း၊ ပိုးမဒီ စတဲ့ အဓိကဇာတ်ဆောင်တွေရဲ့ ဇာတ်လမ်း ဇာတ်ကွက် တွေနဲ့အတူ ဂီတဒရာမာအချစ်ဇာတ်လမ်းတပုဒ်အနေနဲ့ ပုံဖော်ထားခဲ့တာပါ။ ဒီကားထဲမှာ စိုင်းစိုင်းခမ်းလှိုင်၊ မျက်နှာသစ်သရုပ်ဆောင် ပိုးမမှီသာတို့နဲ့အတူ တခြား ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ကျော်သူ၊ ဇင်ဝိုင်း၊ ချိုပြုံး၊ စိုးမြတ်သူဇာ၊ မေ သဉ္ဇာဦး၊ အေးမြတ်သူ စတဲ့ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာပါ။ “ငါနှလုံးသားတချက်ခုန်တိုင်းမှာ… ငါတမ်းတနဲ့နေရာတိုင်းမှာ… မင်းတယောက် တည်းပါ အချစ်ရေ… နှလုံးသားနဲ့မင်းဖြေ… ဝင်သက်ထွက်သက်တိုင်းမှာ… အချိန်တိုင်း စက္ကန့်တိုင်းမှာ… ရိုးမြေကျပါတသက်စာ… ငါ့အချစ်တို့ယုံပါ” စိုင်းစိုင်းလို့ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ဟာ ရုပ်ရှင်၊ ဂီတအနုပညာလှုပ်ရှားမှုတွေနဲ့အတူ ပရိသတ်ရဲ့ နှလုံးသားကို သိမ်းပိုက် ထားနိုင်သူ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်လောက်ကတည်းက အနုပညာလောကထဲကို မော်ဒယ်လ်ဘဝနဲ့ စတင် ဝင်ရောက်ခဲ့သူ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးထွက်ရှိခဲ့တဲ့ ချောကလက်ရောင် ရေခဲအိပ်မက် တေးစီးရီးနဲ့ စတင်လူသိများလာခဲ့တာပါ။ အဲဒီနောက်မှာတော့ သူငယ်ချင်းများစွာ၊ ဖေဖော်ဝါရီမှတ်တမ်း၊ Sai Sai Live Show၊ စိုင်းစိုင်းဟုခေါ်သည်၊ Happy Sai Sai Birthday၊ အမြဲတမ်းဂေါ်လီ Ever Golli၊ ဒိတ်ဒိတ်ကြဲ စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းခွေပေါင်း များစွာမှာလည်း သီဆိုအောင်မြင်ခဲ့သူပါ။ စက္ကူငှက်၊ ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏ စတဲ့ ကိုယ်တိုင်ရေး ဝတ္ထုတွေလည်း ထွက်ရှိခဲ့ဖူးတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်၊ အေဒင်ရဲ့ ကချေသည်၊ ကြာတော့သည်လည်း မောင့်စကား စတဲ့ နာမည်ကြီး ရုပ်ရှင်ကား တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ တခြားစီးပွားရေးတခုအနေနဲ့ နှုတ်ခမ်းနီမလေးတွေအကြိုက် Sai နှုတ်ခမ်း နီကိုလည်း ထုတ်လုပ်ခဲ့ကာ လက်ရှိအချိန်ထိ ပရိသတ်ရဲ့ အခိုင်အမာအားပေးမှုကို ဆယ်စု နှစ်နဲ့ချီ ရရှိထားခဲ့သူတဦး ဖြစ်ပါတယ်။ သူ့ရဲ့ တနှစ်နဲ့တနှစ် မတူအောင် ကွဲပြားခြားနားတဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ ဖျော်ဖြေခဲ့တဲ့ မွေးနေ့ရှိုးတွေဟာလည်း အောင်မြင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ အသက် အသက် ၄၁ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ စိုင်းစိုင်း ခမ်းလှိုင်ဟာ မွေးနေ့အထိမ်းအမှတ် ဖျော်ဖြေပွဲကို လတ်တလော COVID-19 ကပ်ရောဂါ ကြောင့် အိပ်ခန်းထဲမှ ဖျော်ဖြေပွဲအသွင် “Sai Sai Birthday Show” in Bedroom လို့ အ မည်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ “မူလလက်ဟောင်းစိုင်းစိုင်းခမ်းလှိုင်”လို့ အမည်ရတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ်ကို ပြင်ဆင်နေပြီး အခုနှစ်ထဲမှာ ထွက်ရှိလာဖို့ ရှိနေတာ ဖြစ်ပါတယ်။ https://www.facebook.com/JOOXMyanmar/videos/570380817176587/
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024