A d v e r t i s e m e n t With Us

မုန်တိုင်းဟန်နာကြောင့် တက္ကဆက်ကမ်းခြေတွင် ထိခိုက်ပျက်စီးမှုအချို့ရှိ

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တောင်ပိုင်းကမ်းခြေမှာ ဇူလိုင် ၂၇ ရက်က အပူပိုင်းမုန်တိုင်း ဟန်နာ ဝင်ရောက်တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ထရပ်ကားတွေ မှောက်ခဲ့ပြီး ဓာတ်အားလိုင်းတွေ ပျက်စီးတာ၊ အိမ်တွေ ခေါင်မိုး မရှိ တော့တာတွေ ဖြစ်ခဲ့ပါတယ်။  ဒီမုန်တိုင်းကို မူလက ဟာရီကိန်းမုန်တိုင်းအဆင့်ကနေ အပူပိုင်းမုန်တိုင်းအဖြစ် အဆင့်လျှော့ ချ သတ်မှတ်ခဲ့ပေမဲ့ ဇူလိုင် ၂၆ ရက်က ပတ်ဒရီကျွန်းကို ဝင်ရောက်လာရာမှာ ပြင်းထန်ခဲ့သလို၊ ကနေဒီခရိုင်မှာလည်း ဒုတိယအကြိမ်ဝင်ရောက်စဉ် ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၂၆ ရက်နေ့လယ်ပိုင်းအထိ နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၂ သိန်း ၃ သောင်းကျော်ဟာ လျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်ပါတယ်။  အမေရိကန်အမျိုးသား ဟာရီကိန်းစင်တာ NHC ရဲ့ထုတ်ပြန်ချက်အရ မုန်တိုင်းဟာ လေတိုက်နှုန်း ၁ နာရီ မိုင် ၆၀ နှုန်းရှိခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ဇူလိုင်လ ၂၆ ရက်ကလည်း အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်းအရှေ့ပိုင်းကို ဟာရီကိန်းမုန်တိုင်း ဒေါက်ဂလပ်စ် ဝင်ရောက်ခဲ့ပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းတာနဲ့ လေပြင်းတိုက်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up