မန်စီးတီးကို ချစ်မြတ်နိုးပြီး အရာအားလုံး သတိရနေမည်ဟု ဒေးဗစ်ဆေးဗားလ် ဖွင့်ဟ

မန်စီးတီးအသင်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို သတိရနေမယ်လို့ ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗား က ပြောပါတယ်။  ဆေးဗားလ်ဟာ နောဝှစ်ချ်ကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါတယ်။  အဲဒီပွဲစဉ်ဟာ သူ့ရဲ့ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ပြီး ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။  အသက် ၃၄ နှစ်ရှိ စပိန်ကွင်းလယ်လူ ဆေးဗားလ်ဟာ ၂၀၁၀ ပြည့်နှစ်က ဗလင်စီယာကနေ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် စုစုပေါင်း ၄၃၄ ပွဲမှာ ၇၇ ဂိုးသွင်းခဲ့တာပါ။  အသင်းမှာ ၁၀ နှစ်ကြာ ကစားခဲ့တာကြောင့် အသင်းကအရာတွေအားလုံးကို ချစ်မြတ်နိုးပြီး အမြဲတမ်းသတိရနေမယ်လို့ ဆေးဗားလ်က ပြောပါတယ်။  ဆေးလ်ဗားဟာ မန်စီးတီးနဲ့အတူ  ပရီးမီးယားလိဂ်ဆုဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့ လိဂ်ဖလား ၅ ကြိမ် ရယူနိုင်ခဲ့ပါတယ်။  အသင်းဆီပြောင်းရွှေ့လာတုန်းက ဆုဖလားတွေ အများကြီးရယူနိုင်လိမ့်မယ်လို့ မထင် ခဲ့ကြောင်းလည်း ဆေးလ်ဗားကပြောပါတယ်။  ဒေးဗစ်ဆေးဗားလ်အနေနဲ့ ချန်ပီယံ လိဂ်ပွဲစဉ်တွေ ဆက်ကစားရမှာဖြစ်ပြီး အဲဒီပွဲစဉ်တွေအပြီးမှာ အသင်းနဲ့ လမ်းခွဲမှာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up