Home
မြန်မာသတင်း
အမေရိကန်ကပြန်လာသည့် အမျိုးသား ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
DVB
·
July 26, 2020
အမေရိကန်နိုင်ငံက ပြန်လာတဲ့ ဖျာပုံမြို့နယ်နေ အသက် ၅၀ အရွယ် အမျိုးသားတဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ  ၂၈၂ ခု၊  ဆေးသုတေသနဦးစီးဌာနက  ဓာတ်ခွဲနမူနာ ၂၄၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၁၆၀ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ဓာတ်ခွဲနမူနာ ၁၈၆ ခု၊ စုစုပေါင်း ၈၆၈ ခု အား စစ်ဆေးပြီးစီးခဲ့တာပါ။ အတည်ပြုလူနာသစ် အမှတ် ၃၅၀ ဟာ အမေရိကန်က ပြန်လာပြီးနောက် မင်္ဂလာဒုံမြို့နယ်မှာ အသွားအလာ ကန့်သတ်ထားတာဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိဘူးလို့ ဆိုပါတယ်။ သူ့ကို ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ကုသမှုခံယူစေမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ အတည်ပြုလူနာ ၃၅၀ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၉၀ ဦး၊ အဲဒီထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၇၂ ဦးနဲ့  စောင့်ကြည့်လူနာအသစ် ၁၂ ဦးရှိပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ သန်းကျော်၊ သေဆုံးသူ ၆၄၉၀၀၀ ကျော်နဲ့ ရောဂါပိုး ကင်းစင်လာသူ ၉ ဒသမ ၉၅ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024