A d v e r t i s e m e n t With Us

အမေရိကန် ကန်တပ်ကီပြည်နယ်တွင် လူမည်းပြည်သူ့စစ်အဖွဲ့ရာချီ ချီတက်

အမေရိကန်နိုင်ငံ ကန်တပ်ကီပြည်နယ် လူးဝစ်ဗီလီမြို့လယ်မှာ  ဇူလိုင်လ ၂၅ရက်က လူမည်း ပြည်သူ့စစ်အုပ်စုဝင် အယောက် ရာချီပြီး စုရုံးရင်းချီတက်ခဲ့ပါတယ်။  အရပ်ဝတ်ရဲတွေ စီးနင်းချိန် ကျည်မိုးရွာလို့ သေဆုံးရတဲ့ အသက် ၂၆နှစ်အရွယ် အရေးပေါ် ဆေးဘက်နည်းပညာရှင် သေဆုံးမှုအတွက် အဖြေကို တောင်းဆိုခဲ့ပါတယ်။  လက်နက်တွေ ကိုင်ဆောင်ရင်း သေဆုံးသူ ဘရွန်နာတေလာရဲ့ နာမည်ကို ကြွေးကြော်ရင်း မြို့တော် ခန်းမဆီ ချီတက်ခဲ့ကြတာပါ။  ကျေနပ်လောက်တဲ့အဖြေတွေ မပေးနိုင်ရင် သီတင်းပတ် လေးပတ်အတွင်း သူတို့အုပ်စု ပြန်လာခဲ့မယ်လို့ အုပ်စုခေါင်းဆောင်က သတိပေးပါတယ်။  တေလာဟာ မတ်လ ၁၃ ရက်က သူ့အိပ်ယာထဲမှာ လှဲနေတုန်း ရဲတွေက ဖမ်းဝရမ်း မပါဘဲ သူ့အိမ်ကို ဝင်စီးချိန်မှာ သေဆုံးခဲ့တာဖြစ်ပြီး သူ့တိုက်ခန်းထဲမှာ ရဲတွေ ရှာနေတဲ့ လူရော၊ မူးယစ်ဆေးပါ မတွေ့ခဲ့ပါဘူး။  မြို့တလွှားမှာ ပြည်သူ့စစ်အုပ်စုက တန်ပြန်သပိတ်ကို စီစဉ်နေပေမဲ့ ရဲတွေက အုပ်စု ၂ စုလုံး ကို ခွဲထားပါတယ်။  တေလာရဲ့အိမ်ကို စီးနင်းချိန်မှာပါဝင်တဲ့ ရဲအရာရှိ တယောက်ကို တာဝန်က ရပ်စဲထားပြီး တခြား ၂ ယောက်ကိုတော့ နယ်ပြောင်းခဲ့ပါတယ်။ သူတို့ ၃ယောက်စလုံးကို ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှု မရှိပါဘူး။

A d v e r t i s e m e n t With Us

More News
Up