စပိန်မှပြန်လာသူများ နှစ်ပတ် Quarantine ဝင်ရန် ဗြိတိန်စီစဉ်

1K
စပိန်နိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်းပြန်မြင့်တက်လာနေတဲ့အတွက် ဗြိတိန်အစိုးရဟာ စပိန်က ပြန်လာတဲ့ဗြိတိသျှခရီးသွားတွေ အားလုံးကို နှစ်ပတ်ကြာ ရောဂါခြေချုပ်နဲ့ ကွာရင်တင်း ဝင်ခိုင်းတော့မယ်လို့ လက်ထောက်ဆေးဘက်ဆိုင်ရာအကြီးအကဲ ဂျိုနသန်ဗန်တမ်က ဇူလိုင် ၂၅ ရက်မှာ ပြောပါတယ်။
ဒီပြဋ္ဌာန်းချက်ဟာ လပေါင်းများစွာ လော့ဒေါင်းချထားပြီးနောက် ဥရောပတိုက်မှာ ခရီးသွား လုပ်ငန်းတွေ ပြန်ဖွင့်ကာစ ရုတ်တရက် နောက်ပြန်ဆုတ်မှုလည်း ဖြစ်ပါတယ်။
ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း စပိန်ပြည်မပေါ် မရှိမဖြစ် ခရီးသွားတာကလွဲလို့ ကျန်တဲ့ ခရီးစဉ်အားလုံးကို ထောက်ခံချက် မပေးတော့ဘူးလို့ ပြောပါတယ်။
စပိန်ရဲ့ ကနေရီနဲ့ ဘော်လေရစ်ကျွန်းတွေကို မသွားကြဖို့ ကန့်သတ်တာမရှိပါဘူး။ ဒါပေမယ့် အဲဒီကနေ အားလပ်ရက်အပန်းဖြေခရီးထွက်ပြီး ပြန်လာတဲ့သူတွေလည်း ဗြိတိန်ကို ပြန်ရောက်ရင် Quarantine ဝင်ရဖို့ အကြုံးဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။