A d v e r t i s e m e n t With Us

ချန်ဒူးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအပြင်တွင် လုံခြုံရေးတင်းကြပ်

တရုတ်နိုင်ငံ ချန်ဒူးမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးအပြင်မှာ ဇူလိုင် ၂၆ ရက်က လုံခြုံရေး တင်းကြပ်ထားပါတယ်။ အမေရိကန်နိုင်ငံ ဟူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို အမေရိကန်အစိုးရက ပိတ်ခိုင်းအပြီး လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်အစိုးရက ချန်ဒူးမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးကို ပြန်ပိတ်ခိုင်းခဲ့တာပါ။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီး ၂ နိုင်ငံကြား သံတမန်ဆက်ဆံရေးက ပိုပြီး သိသိသာသာ ယိုယွင်းလာနေပါတယ်။  ဟူစတန်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ အမိန့်အသက်ဝင်အပြီး ဇူလိုင် ၂၄ ရက်က အမေရိကန် အရာရှိတွေဖြစ်ပုံရတဲ့ အမျိုးသား တအုပ်စုဟာ ကောင်စစ်ဝန်ရုံး နောက်ဖေးတံခါးကို အင်အားသုံး ဖွင့်နေတာ တွေ့ရပါတယ်။  ဒီလုပ်ရပ်ဟာ နိုင်ငံတကာနဲ့ အပြန်အလှန်သဘောတူညီချက်တွေကို ချိုးဖောက်တာဖြစ်ပြီး တရုတ်ကလည်း လက်တုံ့ပြန်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်မှာ ပြောပါတယ်။  ချန်ဒူးမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးကို ဇူလိုင် ၂၇ ရက် မနက် ဆယ်နာရီ နောက်ဆုံး ထားပိတ်ရမယ်လို့ တရုတ်ရဲ့ ဂလိုဘယ်တိုင်းမ်သတင်းဌာန အယ်ဒီတာက တွစ်တာ လူမှုကွန်ရက်မှာ ရေးထားပါတယ်။ တရုတ်နိုင်ငံရေးရာတွေကို စွက်ဖက်ပြီး လုံခြုံရေးအကျိုးစိးပွားကို ထိခိုက်အောင် လုပ်တယ် လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ဝမ်ဝမ်ဘင်က ပြောပေမဲ့ ဘယ်လို လုပ်တယ်ဆိုတဲ့ အချက်ကိုတော့ မပြောခဲ့ပါဘူး။

A d v e r t i s e m e n t With Us

More News
Up