ကိုယ်စားပြု ကစားရမည့် လက်ရွေးစင်အသင်းကို မဆုံးဖြတ်ရသေးဟု ဆာကာ ပြော

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ကစားမလား နိုင်ဂျီးရီးယားအသင်းမှာ ကစားမလားဆိုတာ မဆုံးဖြတ်ရသေးကြောင်း အာဆင်နယ်လူငယ်ကစားသမား ဆာကာက ပြောပါတယ်။  အသက် ၁၈ နှစ်ရှိ တောင်ပံတိုက်စစ်ကစားသမား ဆာကာဟာ အာဆင်နယ်မှာ ခြေစွမ်းပြနေပြီး စုစုပေါင်း ၃၉ ပွဲမှာ ၄ဂိုးသွင်း ၁၁ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။  ဆာကာဟာ နိုင်ဂျီးရီးယားလူမျိုး မိဘနှစ်ပါးကနေ အင်္ဂလန်မှာ မွေးဖွားသူဖြစ်ပြီး အင်္ဂလန်အတွက်သာမက နိုင်ဂျီးရီးယားအသင်းအတွက်မှာ ကိုယ်စားပြုကစားခွင့်ရှိနေတာပါ။ သက်တမ်းအလိုက် လက်ရွေးစင်အသင်းတွေမှာလည်း အင်္ဂလန် ကိုယ်စားပြု ကစားခဲ့ပေမဲ့ လက်ရွေးစင်အသင်းကြီးအတွက်တော့ ဆုံးဖြတ်ရခြင်း မရှိသေးတာ ဖြစ်ပါတယ်။  လူငယ်အဆင့်မှာ အင်္ဂလန် ကိုယ်စားပြုကစားနေရတာကို ပျော်ရွှင်ပေမယ့် နိုင်ဂျီးရီးယားလူမျိုး ဖြစ်ရတာကိုလည်း ဂုဏ်ယူတာကြောင့် ဘယ်အသင်းကို ကိုယ်စားပြုရမလဲဆိုတာ မဆုံးဖြတ်ရသေးကြောင်း၊ လိုအပ်လာတဲ့အချိန်ရောက်မှ ဆုံးဖြတ်ချက်ချမှာဖြစ်တယ်လို့ ဆာကာက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up