A d v e r t i s e m e n t With Us

ပန်းချီကိုဦး တကိုယ်တော်ပြပွဲ ကျောက်တံတား Kalasa Art Space တွင် ပြုလုပ်

ဓာတ်ပုံဆရာတဦးဖြစ်တဲ့ ကိုဦးရဲ့ ပထမဆုံး ပန်းချီပြပွဲကို ရန်ကုန် မြို့တော်ခန်းမ အနောက်ဘက် ၃၄ လမ်း အလယ်ဘလောက်က Kalasa ကလသာ ပန်းချီ ပြခန်းမှာ  ဇူလိုင် ၂၅ ရက်ကနေ ၂၉ ရက်အထိ ၅ ရက်ကြာ မနက် ၁၀ နာရီကနေ ညနေ ၆ နာရီထိ ကျင်းပနေပါတယ်။  ပန်းချီကား ၄၀ ကျော်ကို ပြသထားပြီး ရောင်းဈေး သတ်မှတ်မထားဘဲ ဝယ်သူကြိုက် ဈေးနှုန်းနဲ့သာ ရောင်းချသွားမယ်လို့ ပန်းချီကိုဦးက ပြောပါတယ်။  ကွယ်လွန်သူ ပန်းချီဆရာကြီး ရာဟုလာ၊ ပန်းချီဆရာကြီး ခင်မောင်ရင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ပုံတွေ၊ အညာဒေသ ကျေးလက် လူမှုဘဝ ရှုခင်းပုံတွေကို ရေးဆွဲ ပါဝင် ပြသထားတာ ဖြစ်ပါတယ်။  မောင်တူး

A d v e r t i s e m e n t With Us

More News
Up