ရွှေဘိုမြို့တွင် ငွေကျပ်သိန်း ၁,၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
July 26, 2020
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ငွေကျပ် ၁,၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၄ ရက်နေ့ ၁၃း၀၀ အချိန်က ရွှေဘိုမြို့မရဲစခန်း တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကြီးအောင်လမ်းမကြီး၊ ပန်းခြံဘေးမှာ ဇော်မျိုးထက် မောင်းနှင်ပြီး ဝင်းဖြိုးခိုင် လိုက်ပါလာတဲ့ မော်တော်ဆိုင်ကယ်အားရပ်တန့်ရှာဖွေရာမှ စိတ်ကြွဆေးတွေ ဖမ်းဆီးမိခဲ့တာပါ။
ဝင်းဖြိုးခိုင် လွယ်ထားတဲ့ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၇၀၀ ပြားနဲ့ စိတ်ကြွဆေးပြားအကြေ သုည ဒသမ ၀၆၅ ကီလို တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
သူတို့နှစ်ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။