အင်္ဂလန်အသင်းတွင် ဂရင်းဝုဒ် ရွေးချယ်ခံရမည်ဟု လင်ဂတ်သုံးသပ်

မန်ယူနိုက်တက် လူငယ်တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရတော့မယ်လို့ အသင်းဖော် လင်ဂတ်က ပြောပါတယ်။  အသက် ၁၈ နှစ်ရှိ အင်္ဂလန် ယူ-၂၁ လက်ရွေးစင် ဂရင်းဝုဒ်ဟာ မန်ယူနိုက်တက်မှာ ခြေစွမ်းပြနေတာကြောင့် စီနီယာလက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံရလိမ့်မယ်လို့ လင်ဂတ်က သုံးသပ်ခဲ့တာပါ။ ဂရင်းဝုဒ်ဟာ လက်ရှိအချိန်မှာတော့ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး ဒီခြေစွမ်းကို ဆက်ထိန်းနိုင်မယ်ဆိုရင် မကြာခင် လက်ရွေးစင်အသင်းမှာ ပါဝင်လာတော့မယ်လို့ လင်ဂတ်က ပြောပါတယ်။  အင်္ဂလန် လက်ရွေးစင်အသင်းဟာ လာမယ့် စက်တင်ဘာ ၅ ရက်မှာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် အိုက်စလန်၊ စက်တင်ဘာ ၉ ရက်မှာ ဒိန်းမတ်အသင်းတွေနဲ့ ကစားရမှာဖြစ်ပြီး ဂရင်းဝုဒ်ကို နည်းပြဆောက်ဂိတ်က ရွေးချယ်ဖို့ရှိနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up