ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုကြောင့် သွားလာရေး အခက်ကြုံ

1.2K
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသအတော်များများမှာ ရေကြီးတာကြောင့် အပျက်အစီးတွေ ဖြစ်ပေါ်ပြီး လူပေါင်းရာချီ သွားလာရေး အခက်ကြုံနေရပါတယ်။
မြို့တော် ဒါကာက ၆၅ ကီလိုမီတာအကွာမှာရှိတဲ့ လောင်ဟာဂျန်ရွာက ရွာသားတွေဟာ လှေနဲ့ ဖောင်တွေကိုသုံးပြီး သွားလာနေကြပါတယ်။
တစ်ခါတရံမှာ ရေကူးသွားလာနေတာကိုလည်း မြင်ရပါတယ်။ ရွာကို ကာထားတဲ့ သဲအိတ်တာဘောင်ကို ကျော်ပြီး ရေတွေ ဝင်လာတာကြောင့် နေအိမ်အတော်များများ ဒူးလောက်နက်တဲ့ ရေထဲမြုပ်နေကာ ရွာသားတွေဟာ ကယ်ရာမဲ့ ဖြစ်နေတာပါ။
မုတ်သုံမိုးကြောင့် ပြည်သူ သိန်းနဲ့ချီ ရေဘေးကြုံနေသလို လယ်ယာမြေ ဟက်တာပေါင်း ထောင်ချီ ရေမြုပ်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာတွေ မြင့်မားနေတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရေကြီးမှုက နောက်ထပ် ခေါင်းခဲစရာ ဖြစ်နေပါတယ်။ လက်ရှိ ဘင်္ဂလားဒေ့ရှ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၁၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၈,၀၀ ကျော် ရှိတယ်လို့ ရိုက်တာက ဆိုပါတယ်။