Monday, June 5, 2023
HomeCOVID19ဗစ်တိုးရီးယားပြည်နယ်တွင် ကိုဗစ်-၁၉ လူနာသစ် စံချိန်တင် တွေ့ရှိ

ဗစ်တိုးရီးယားပြည်နယ်တွင် ကိုဗစ်-၁၉ လူနာသစ် စံချိန်တင် တွေ့ရှိ

ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာစာရင်းဟာ ဇူလိုင် ၂၅ ရက်နေ့မှာ စံချိန်တင်မြင့်မားခဲ့တယ်လို့ သိရပါတယ်။ 

ဒါဟာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတွေက ဘိုးဘွားတွေကို ကာကွယ်ဖို့နဲ့၊ ကူးစက်မှု ဒုတိယလှိုင်းမဖြစ်အောင် အာဏာပိုင်တွေက ညွှန်ကြားချက်အသစ်တွေ ထုတ်လာစဉ်မှာပဲ ဖြစ်နေတာပါ။ 

နိုင်ငံရဲ့ ဒုတိယလူဦးရေအများဆုံးပြည်နယ်ဖြစ်တဲ့ ဗစ်တိုးရီးယားမှာ တညတည်း အသစ်တွေ့အတည်ပြုလူနာဦးရေ ၃၅၇ ဦးရှိခဲ့လို့ ဇူလိုင် ၂၄ ရက်က အယောက် ၃၀၀ တွေ့ခဲ့တာထက်ပို ပါတယ်။ 

စံချိန်တင် ကူးစက်နှုန်းဖြစ်ခဲ့တာကတော့ ဇူလိုင် ၂၂ ရက်နေ့ကဖြစ်ပြီး အဲဒီတုန်းက လူနာ ၄၈၃ ဦး တွေ့ခဲ့ပါတယ်။ 

ဗစ်တိုးရီးယားမှာ သီတင်းပတ်ခြောက်ပတ် လော့ဒေါင်းချထားတာ လာမယ့်အပတ်ဆို သုံးပတ်ပြည့်ပါပြီ။ ဒါပေမဲ့ သီတင်းပတ်ပေါင်းများစွာ အသစ်တွေ့လူနာတွေ များလာနေတာကြောင့် လော့ဒေါင်းကို သက်တမ်းထပ်တိုးဖို့ အလားအလာများနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular