ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်းကူးစက်မှု တွေ့ရှိ၊ ကိုဗစ်-၁၉ သတိပေးချက် ထုတ်ပြန်

ဗီယက်နမ်နိုင်ငံမှာ သုံးလအတွင်း ပြည်တွင်းနေအချင်းချင်း ကူးစက်ခံထားရတဲ့ ကိုဗစ် ၁၉ အတည်ပြုလူနာတဦးကို အလယ်ပိုင်းမြို့တော် ဒါနန်းမှာ တွေ့ခဲ့ရလို့ ဇူလိုင် ၂၅ ရက်နေ့မှာ ဗိုင်းရပ်စ်သတိပေးချက်ကို အမြင့်ဆုံးအဆင့် ပြန်လုပ်ထားရပါတယ်။  ဗီယက်နမ်ဟာ တင်းကျပ်တဲ့ Quarantine စည်းမျဉ်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆေးစစ်မှုအစီအစဉ်တွေလုပ်ခဲ့တာကြောင့် ဗိုင်းရပ်စ်ကူးစက်နှုန်း နည်းခဲ့ပါတယ်။  အတည်ပြုလူနာဦးရေ ၄၁၅ ဦးပဲရှိခဲ့ပြီး ရက်ပေါင်း ၁၀၀ တိတိ ပြည်တွင်းနေအချင်းချင်းကူးစက်မှု မတွေ့ခဲ့ရပါဘူး။  ဗီယက်နမ်မှာ ကိုဗစ် ၁၉ ကြောင့် သေဆုံးသူလည်း မရှိသေးပါ။ ဒါပေမဲ့ သောကြာနေ့မှာတော့ ဒါနန်းက အသက် ၅၇ နှစ်အရွယ် အမျိုးသားတဦးမှာ ကူးစက်ခံထားရတာတွေ့လို့ သူနဲ့ ထိတွေ့ခဲ့တဲ့လူပေါင်း ၅၀ ကိုလည်း အသွားအလာ ကန့်သတ်ထားပါတယ်။  ဒီဖြစ်စဉ်ဖြစ်လာချိန်ဟာ ဗီယက်နမ်မှာ နိုင်ငံတကာလေကြောင်းလိုင်းတွေ ပြန်စတင်ဖို့နဲ့ ပြည်တွင်းခရီးသွားလုပ်ငန်း အရှိန်မြှင့်လာချိန်ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up