A d v e r t i s e m e n t With Us

ရုရှားထုတ် ဒုတိယမြောက် ကိုဗစ်-၁၉ ဆေးကို ဇူလိုင် ၂၇ ရက် လူသားဖြင့် စတင်စမ်းသပ်မည်

ရုရှားမှာ ထုတ်လုပ်တဲ့ ဒုတိယမြောက် ကိုဗစ်-၁၉ ဆေးကို လာမယ့် ဇူလိုင် ၂၇ မှာ လူသားနဲ့ စတင် စမ်းသပ်မယ်လို့ သိရပါတယ်။  ဒီဆေးကိုတော့ ဆိုက်ဘေးရီးယန်း ဗက်တာအင်စတီကျုက ထုတ်လုပ်တာလို့ ရုရှား တက်စ်သတင်းအေဂျင်စီရဲ့ဖော်ပြချက်ကို ကိုးကားပြီး ဇူလိုင် ၂၅ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  ရုရှားမှာ ပထမဆုံး ကိုဗစ်-၁၉ ဆေးကိုလည်း လူသားနဲ့ စမ်းသပ်ကုသမှုလုပ်ခဲ့ပြီး ဒီလထဲမှာပဲ ပြီးဆုံးခဲ့ပါတယ်။  အဲဒီဆေးကိုတော့ မော်စကိုက Gamaleya institute က တီထွင်ထုတ်လုပ်တာလို့ ဆိုပါတယ်။  ရလဒ်ကောင်းတွေရှိခဲ့လို့ အာဏာပိုင်တွေက ဒီဆေးကို လာမယ့်ဆောင်းဦးပေါက်ရာသီမှာ အမြောက်အမြား ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီလို့လည်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up