A d v e r t i s e m e n t With Us

ဟတ်ဂီရာဆိုဖီရာတွင် ပြုလုပ်သည့် ပထမဆုံးဝတ်ပြုပွဲတွင် တူရကီသမ္မတ အာဂိုဝမ် ပါဝင်ဝတ်ပြု

နှစ်ပေါင်း ၁၅၀၀ နီးပါးသက်တမ်းရှိပြီး ခရစ်ယာန်နဲ့ မွတ်စလင်တွေ အလေးမြတ်ထားရာ  ဟတ်ဂီရာဆိုဖီရာ အထိမ်းအမှတ် အဆောက်အအုံမှာ ဇူလိုင် ၂၄ ရက်က ပထမဆုံးအကြိမ် ပြန်လုပ်တဲ့ မွတ်စလင်တွေရဲ့ ဝတ်ပြုပွဲအခမ်းအနားကို တူရကီသမ္မတ အာဂိုဝမ် ပါဝင် ဝတ်ပြုပါတယ်။  ပြတိုက်အဆင့် သတ်မှတ်ထားတဲ့ အဲဒီအဆောက်အအုံကို မကြာခင်က တူရကီ တရားရုံးချုပ်ကနေ  ဗလီဝတ်ကျောင်းအဖြစ်  ပြောင်းလဲဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ အုပ်ချုုပ်တဲ့ ၁၇ နှစ်တာ သက်တမ်းအတွင်း အာဒိုဝမ်ဟာ အစ္စလာမ်ဘာသာဘက်က ရပ်တည်ကာကွယ်ပြီး ဟတ်ဂီရာဆိုဖီယာကို ဗလီဝတ်ကျောင်းအဖြစ် ပြန်ပြောင်းဖို့ အားထုတ်ခဲ့ပါတယ်။ ဒီလို ပြောင်းလဲလိုက်တဲ့အပေါ် ခရစ်ယာန်ဘုရားကျောင်း ခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ခုလို  ဗလီဝတ်ကျောင်းအဖြစ် ပြောင်းလိုက်တာက ဘာသာရေး ကွဲပြားမှုတွေကို နက်နက်ရှိုင်းရှိုင်း ဖြစ်စေနိုင်တယ်လို့ ပြောဆိုကြပါတယ်။ တူရကီ အစိုးရကတော့  ဧည့်သည်တွေ လာရောက်လည်ပတ်ဖို့ ဟတ်ဂီရာဆိုဖီယာကို ဆက်လက်ဖွင့်ထားပြီး ခရစ်ယာန် အနုပညာလက်ရာတွေကိုလည်း ထိန်းသိမ်းထားမယ်လို့    ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up