Home
သတင်းတို
တအိမ်ထောင် ကလေး ၂ ယောက်နှုန်း သတ်မှတ်ချက် ကုလသမဂ္ဂ ရှုတ်ချ
DVB
·
May 31, 2013
မွတ်စလင်မိသားစုတွေအပေါ် တအိမ်ထောင် ကလေး ၂ ယောက်ပဲ ယူခိုင်းတဲ့ မြန်မာအစိုးရရဲ့ သတ်မှတ်ချက်ကို ကုလသမဂ္ဂက ရှုတ်ချလိုက်ပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ Eduardo del Buey အီဒူရာဒို ဒယ်လ်ဗွေးက မနေ့က ကြေညာချက် ထုတ်ပြန်ပြီး ရှုတ်ချလိုက်တာပါ။ ဒီကြေညာချက်မှာ တအိမ်ထောင် ကလေး ၂ ယောက်ပဲယူဖို့ တားမြစ်ပိတ်ပင်ထားချက်ဟာ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်ပြီး မြန်မာအစိုးရတာဝန်ရှိသူတွေအနေနဲ့ ဒီလိုလုပ်ဆောင်ချက်တွေကို ရပ်တန်းက ရပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ မြန်မာအစိုးရက ရခိုင်ပြည်နယ်ထဲက မြို့တွေ အထူးသဖြင့် မွတ်စလင် လူဦးရေ အလျင်အမြန် ပြန့်ပွားနေတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေ တအိမ်ထောင် ကလေး ၂ ယောက်ပဲယူဖို့ စစ်အစိုးရလက်ထက်ကတည်းကတည်းက သတ်မှတ်ထားတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဘာသာရေးအုပ်စုတခုအပေါ်မှာ ခုလို ပိတ်ပင်ထားတဲ့ မူဝါဒချမှတ်တာဟာ ကမ္ဘာမှာ မြန်မာတနိုင်ငံတည်း ရှိတယ်လို့ ထောက်ပြဝေဖန်ကြပါတယ်။ ဒါပေမယ့် မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာလည်း လူဦးရေဖောင်းပွမှုကို တားဆီးဖို့ တအိမ်ထောင် ကလေး ၁ ယောက်ပဲ ယူရမယ်ဆိုတဲ့မူဝါဒ ပြဋ္ဌာန်းခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024