Home
သတင်းတို
စက်မှုဇုန်များကို အချိန်ပိုင်း မီးပြန်ပေးမည်
DVB
·
May 31, 2013
၂၄ နာရီလုံးလုံး လုံးဝ လျှပ်စစ်မီး ဖြတ်တောက်ထားတဲ့ ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန် တွေကို ဇွန် ၁ ရက်နေ့ကစ အချိန်ပိုင်းနဲ့ မီးပြန်ပေးတော့မယ်လို့ တိုင်းလျှပ်စစ်ဓာတ်အားပေးရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ခိုင်က ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။ စက်မှုဇုန်က စက်ရုံတွေကို မနက် ၇ နာရီကနေ နေ့လယ် ၁၂ နာရီ၊ နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ အချိန် ၂ ပိုင်းခွဲခြားပြီး တနေ့ ၅ နာရီ လျှပ်စစ်မီးပေးမယ်လို့ ကြေညာထားပါတယ်။ မြို့တွင်းက ပါဝါမီတာနဲ့ သုံးတဲ့ လုပ်ငန်းတွေကိုတော့ ညနေ ၄ နာရီကနေ ည ၁၁ နာရီအကြား မီးဖြတ်တောက်ထားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စက်မှုဇုန်တွေကို လျှပ်စစ်မီးပေးရေးဆွေးနွေးပွဲမှာ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေအပါအ၀င် သက်ဆိုင်ရာအာဏာပိုင်တွေဘက်က လျှပ်စစ်မီတာခ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပေမယ့် တရားဝင် တစုံတရာ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024