သရုပ်ဆောင်မင်းရာဇာအမှု တရားလိုရောက်မလာသဖြင့် မစစ်ဆေးဖြစ်
ချမ်းမြေ့မောင်
·
July 24, 2020
ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ပုဒ်မ ၃၇၆ နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မင်းရာဇာအမှုကို တရားလိုဖြစ်သူမလာရောက်နိုင်တဲ့အတွက် ရုံးချိန်းမစစ်ဆေးဖြစ်ဘဲ ဩဂုတ်လ ၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။
ဒီကနေ့ရုံးချိန်းမှာ အမှုမှတရားလိုဖြစ်သူဒေါ်သင်းသင်းခိုင်ကို ပြန်လှန်မေးခွန်းစစ်ဆေးမေးမြန်းရမှာဖြစ်ပေမဲ့ ကလေးတွေကျန်းမာရေးအခြေအနေကြောင့် ဒေါ်သင်းသင်းခိုင်မလာရောက်နိုင်တဲ့အကြောင်း ခွင့်တိုင်တဲ့အတွက် အမှုကိုမစစ်ဆေးဖြစ်ဘဲ ပြန်လည်ချိန်းဆိုခဲ့တာပါ။
အရှေ့ပိုင်းခရိုင်တရားရုံးမှာစစ်ဆေးနေတဲ့ ပုဒ်မ ၃၇၆ အမှုမှာ တရားလိုပြသက်သေ ၁၆ ယောက်တင်သွင်းထားပါတယ်။
သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ ဦးဟာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာလည်း ရာဇသတ်ကြီးပုဒ်မ ၄ ခုနဲ့ အမှုရင်ဆိုင်နေရပါတယ်။
သရုပ်ဆောင်မင်းရာဇာရဲ့မိသားစုဟာ အိမ်က အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေကြောင့် ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ အမျိုးသမီးလေးရဲ့ မိခင်ဖြစ်သူက အမှုဖွင့်ခဲ့တာပါ။