ကိုဗစ်-၁၉ ကူးစက်ခံ ဘရာဇီးသမ္မတ Mask မတပ်ဘဲ လူများကို နှုတ်ဆက်

Photo - reuter
1.2K
ဘရာဇီးသမ္မတ ဘော်ဆိုနာရိုဟာ ကိုဗစ်-၁၉ ကူးစက်ခံထားရပေမဲ့ ဇူလိုင်လ ၂၃ ရက်က မော်တော်ဆိုင်ကယ်စီးပြီး Mask မတပ်ဘဲ လူတွေကို စကားပြောနှုတ်ဆက်နေတာတွေ့ရတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
သူဟာ ဇူလိုင်လ ၂၂ ရက်က တတိယအကြိမ်ဆေးစစ်ရာမှာလည်း ပိုးတွေ့နေဆဲဖြစ်ပါတယ်။ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့်လည်း သူဟာ ကျန်းမာရေးအလွန်ကောင်းနေတယ်၊ ဟိုက်ဒရိုဇီကလိုရိုကွင်းဆေးကို သုံးစွဲနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီဆေးနဲ့ကုသနည်းဟာ အတည်ပြုရခြင်းမရှိသေးပါဘူး။
ဘရာဇီးနိုင်ငံဟာ ဇူလိုင်လ ၂၃ ရက်မှာပဲ အသစ်တွေ့အတည်ပြုလူနာ ၅၉၉၆၁ ဦး ရှိခဲ့ပါ တယ်။ ဒါ့ကြောင့် အမေရိကန်ပြည်ထောင်စုပြီးရင် ကမ္ဘာမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုအများဆုံးနိုင်ငံ ဖြစ်ပါတယ်။